36 C
Yangon

မုံရွာမြို့၊ ညောင်ပင်စောက်လဝကရုံးကို ဝင်ရောက်တိုက်ခိုက်မှု စစ်သားများ သေဆုံးမှု များပြားပြီး ပြည်သူ ၂ ဦး ကို စစ်တပ်က ပစ်သတ်

Must read

မုံရွာမြို့၊ ညောင်ပင်စောက်လဝကရုံးကို ဝင်ရောက်တိုက်ခိုက်မှု စစ်သားများ သေဆုံးမှု များပြားပြီး ပြည်သူ ၂ ဦး ကို စစ်တပ်က ပစ်သတ်

ရန်ကုန်၊ မတ် ၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ညောင်ပင်စောက်လဝကရုံးကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးပြီး ပြည်သူ ၂ ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်(Chindwin Attack Force) ၏ သတင်းနှင့်ပြန်ကြား ရေး တာဝန်ခံက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်အချိန် အင်အား ၃၀ ခန့်ရှိသော စစ်ကြောင်းက မုံရွာမြို့၊ ညောင်ပင်စောက်လဝကရုံးတွင် တပ်စွဲထားစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ရုံးအဆောက် အအုံအချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက ၁၅ မိနစ်လောက်ကြာခဲ့တယ်၊ ရေဦး ဆန်ဆိုင်ဘက်ကရယ်၊ ကညန ဘက်ကရယ် နှစ်ဖက်ညှပ် ပိတ်ချင်တဲ့သဘော စစ်ကူတွေတက်လာလို့ စခန်း မသိမ်းနိုင်ခဲ့တာ၊ တိုက်ပွဲဖြစ်ပြီးတော့ ပြည်သူ့နှစ်ဦးကို စစ်ခွေးတွေက ပစ်သတ်သွားတယ်၊ လက်နက်တွေ ဘာတွေတော့ ကောက်ဖို့အချိန်မရခဲ့ဘူး” ဟု မုံရွာခရိုင် ပြည် သူ့ကာကွယ်ရေး တပ်မတော်(Chindwin Attack Force) ၏ သ တင်းနှင့်ပြန်ကြားရေး တာဝန်ခံက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၂ ၊ တပ်ရင်း ၃ ၊ တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)၊ မုံရွာခရိုင်တပ်ရင်း ၄ ၊ တပ်ခွဲ ၃ ( Monywa Night King PDF) ၊ မုံရွာခရိုင်တပ်ရင်း ၄ ၊ တပ်ခွဲ ၄ (5/Teachers People Defense Force PDF) ၊ မုံရွာခရိုင် တပ်ရင်း ၇ (Lighting People Defense Force) ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ဓားမ ဆိုင်း တပ်မတော်၊ မုံရွာခရိုင် တပ်ရင်း ၁၁ PDF – South Monywa Spring Dove နှင့် ယက္ခညီနောင် တပ်ဖွဲ့တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ပခုက္ကူရှိ နယ်မြေရဲစခန်းတစ်ခုကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်နေသော PDF တစ်ဦး။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article