36 C
Yangon

မြောင်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု သေဆုံးမှု များပြား

Must read

မြောင်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု သေဆုံးမှု များပြား

ရန်ကုန်၊ မတ် ၁၇

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များ မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁၅ ဦးသေဆုံးကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မြောင်မြို့နယ် နေပူကုန်း ကျေးရွာနှင့် နဂါးပေါက်ကျေးရွာ အကြားတွင် ဒေသကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” မြင်းမူမြို့နယ် တာတိုင်ကျေးရွာက ပြည်သူ ၁၇ ဦးနဲ့ လက္ကပင်ရွာက ပြည်သူ ၇ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်သွားတဲ့ စစ်ခွေး စစ်ကြောင်းကို မြောင်မြို့နယ် နေပူကုန်းကျေးရွာနဲ့ နဂါးပေါက်ရွာ အကြားမှာ မိုင်းဆွဲ တိုက်ခိုက်တာ စစ်ခွေး ၁၅ ဦးသေတယ်” ဟု ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဇာမဏီ ပြောက်ကျား တပ်ဖွဲ့ (ငါန်းဇွန်)၊ မန္တလေးခရိုင်အမှတ် (၅)တပ်ရင်း၊ MN PDF Myitnge၊ MS PDF၊ ဗိုလ်တစ်ထောင်ငမိုး မဟာမိတ်ညီကိုတို့က မိုင်းအလုံးရေ ၃၈ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article