36 C
Yangon

လောင်းလုံး၊ အောက်ကျောက်ဝပ်ရွာသား ၅ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်

Must read

လောင်းလုံး၊ အောက်ကျောက်ဝပ်ရွာသား ၅ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်

ရန်ကုန်၊ မတ် ၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၅ ဦးကို ဖမ်းဆီး သတ်ဖြတ်သွားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၄ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်မှ စစ်သားများနှင့် ပျူစောထီး ခေါင်းဆောင် ချစ်စမ်းမောင် ဦးဆောင်ကာ ပျူစောထီး ၅၀ ကျော်ခန့်က ကျေးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၅ လုံးကို ဝင်ရောက်မွှေနှောက်ပြီး နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းသို့ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် ကျေးရွာနေ ပြည်သူ ၆ ဦးကို စစ်သားများက ဖမ်းဆီး နှိပ်စက်ခဲ့ပြီး ပြည်သူ ၅ ဦးသေဆုံးကာ ပြည်သူ ၁ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

” ဒီနေ့ နံနက်ပိုင်းမှာ စစ်ခွေးတွေက အင်အားသုံးပြီး ကျောက်ဝပ်ပြင်ကျေးရွာ တောင်ကြောအတိုင်းကို စစ်ကြောင်းထိုးလာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး အောက်ကျောက်ဝပ်ရွာကို ဝင်စီးတာ ပြည်သူပိုင်နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်။ ပြည်သူ ၆ ဦးကို ဖမ်းဆီးပြီး ၅ ဦးကို နှိပ်စက် သတ်ဖြတ်သွားတယ်။ ကျန် ၁ ဦးကလည်း အပြင်းအထန် ဒဏ်ရာတွေနဲ့ ဆေးကုသမှု ခံယူနေရတယ်။ ပြည်သူတွေ အမည်စာရင်းတော့ မသိရသေးဘူး။ ကျွန်တော်တို့ ဆက်လက်စုံစမ်းနေတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article