36 C
Yangon

သပိတ်ကျင်းတွင် ကျောက်စိမ်းကားများကို လုံခြုံရေးယူပေးပြီး ပြန်လာသည့် စစ်ကား ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် ၅ ဦးသေဆုံး

Must read

သပိတ်ကျင်းတွင် ကျောက်စိမ်းကားများကို လုံခြုံရေးယူပေးပြီး ပြန်လာသည့် စစ်ကား ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် ၅ ဦးသေဆုံး

ရန်ကုန်၊ မတ် ၃၁

မန္တလေး၊ သပိတ်ကျင်းမြို့နယ်တွင် ကျောက်စိမ်းကားများကို လုံခြုံရေးယူပေးပြီး ပြန်လာသည့် စစ်ကား ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု အရာရရှိ ၁ ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်တွင် ထီးချိုင့်မြို့နယ်မှ မန္တလေးဘက်သို့ ကျောက်စိမ်းများ တင်ဆောင်လာသော ကား ၄၃ စီးပါ ယာဥ်တန်းကို လုံခြုံရေးယူပေးပြီး ပြန်လာသော စစ်ကား ၂ စီးကို သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာနှင့် ကြက်ရိုးပင်ကျေးရွာ အကြားတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပထမဆုံး ဖြတ်သန်းလာသည့် စစ်ကားကို တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ များ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကားနောက်ပိုင်းကို ထိမှန်ကာ စစ်သားများက ကျောက်ဖြူရွာဘက်ကို ရမ်းသမ်းပစ်ခတ်ကာ မောင်းပြေးသွားကြောင်း သိရသည်။

ဒုတိယမြောက် ဖြတ်သန်းလာသည့် စစ်ကားကို ထပ်မံ ပစ်ခတ် တိုက်ခိုက်ရင်း ကားခေါင်းခန်းကို ထိမှန်ကာ ကားမောင်းသူ ဘေးရှိ စစ်သားအား ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးကာ ယာဥ်မောင်းမှာလည်း ဆင်းပြေးသွားကြောင်း၊ ထို့နောက် ကားပေါ်၌ ကျန်ရှိခဲ့သော စစ်သားများကို ၄၀ မမများဖြင့် ပစ်ခတ် တိုက်ခိုက်စဥ် ကားပေါ်မှ ပြေးဆင်း နိုင်လာသည့် စစ်သားများနှင့် တော်လှန်ရေး ရဲဘော်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ခွေးတွေဘက်က အရာရှိ ၁ ဦးအပါအဝင် ၅ ဦးသေဆုံးတယ် ၄ ဦး အပြင်းအထန် ဒဏ်ရာရတယ်။ မောင်းပြေးသွားတဲ့ ကားပေါ်က ခွေးတွေကလည်း အများအပြား ဒဏ်ရာရရှိ​တယ်လို့ အတွင်း သတင်းပေးပို့ချက်အရ သိရတယ်။ စစ်ခွေးတွေ ကျန်ခဲ့တဲ့ကားကို ကရိန်းနဲ့ ဆွဲယူ သွားတယ်။ ကျွန်တော်တို့ဘက်က ရဲဘော် ၁ ဦး ကျည်ထိမှန် ဒဏ်ရာရတယ်” ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်လင်းယုန်တပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင်ပ.က.ဖ)၊ Nine PDF တပ်ဖွဲ့နှင့် ဗိုလ်ဇင်ယော် PDF တပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article