နေပြည်တော် တပ်ရင်း ၈၀၄ ၏ ” စက်လက်ဖိုးကူ ပေါက်မဲယူ အောင်ပွဲနှင့်အတူ” ကမ်ပိန်းတွင် ပြည်သူများ ပါဝင်ရန် ဖိတ်ခေါ်
ရန်ကုန်၊ မတ် ၄
နေပြည်တော် တပ်ရင်း ၈၀၄ က ” စက်လက်ဖိုးကူ ပေါက်မဲယူ အောင်ပွဲနှင့်အတူ” ကမ်ပိန်းတွင် ပြည်သူများ ပါဝင်ရန် အောက်ပါအတိုင်း ဖိတ်ခေါ်လိုက်သည်။
“ကျွန်တော်တို့ ဒီ project ကိုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ နေပြည်တော် PDF၊ တပ်ရင်း ၈၀၄ အတွက် (စက်လက်) တစ်လက် ဝယ်ဖို့ရန်အတွက် ထောက်ပံ့ပေးနိုင်ဖို့ဖြစ်ပါတယ်။
– မဲတစ်စောင်လျှင် ၁၅,၀၀၀ ကျပ် နှုန်းနဲ့ ရောင်းချဖို့ စီစဉ်ထားပါတယ်။
– ဒီကမ်ပိန်းရဲ့သတ်မှတ်ကာလကတော့ FEB 27 ရက် မှ Mar 31 ရက် အထိရောင်းချသွားမှာဖြစ်ပါတယ်။
– ပေါက်မဲကတော့ (၁၈)မဲ ရှိမှာဖြစ်ပါတယ်။ တပ်ရင်း ၈၀၄ ရဲဘော်များရဲ့ကိုယ်ပိုင်ပစ္စည်းများလည်း ပါဝင်ပါတယ်။
ပေါက်မဲ (၁၈) ခုကတော့
( ၁ ) ရင်ထိုး #1
( ၂ ) ရင်ထိုး #2
( ၃ ) ရင်ထိုး #3
( ၄ ) ပုလဲ
( ၅ ) Guitar
( ၆ ) HP Envy m6 Notebook PC( ယခုလက်ရှိ တပ်ရင်းအသုံးပြု )
( ၇ ) ကိုဖြိုးဇေယျာသော်အထိမ်းအမှတ် အင်္ကျီ
( ၈ ) Sue & Kevin Watch
( ၉ ) Romanson
(၁၀ ) Alexander Christie
( ၁၁ ) Lenovo Bone Conduction Headphones X5 #1
( ၁၂ ) Lenovo Bone Conduction Headphones X5 #2
( ၁၃ ) 1’8″ 1’3 ရှိသော ပန်းချီကားတစ်ချပ်
( ၁၄ ) 1’3″ 10″ ရှိသော ပန်းချီကားတစ်ချပ်
( ၁၅ ) Touch Pen ( Android & IOS )
( ၁၆ ) စာအုပ် ?
( ၁၇ ) ကံထူးရှင်၏ ပုံတူခဲပန်းချီကားတစ်ချပ်
( ၁၈ ) ၂၀၁၂ ခုနှစ်တွင်ကိုဖြိုးဇေယျာသော် လက်မှတ်ထိုးပေးထားသော ရဲဘော်တစ်ဦး၏ အင်္ကျီ
မှတ်ချက် –
– ပေါက်မဲ (၁)၊ (၂) နှင့် (၃)သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ချီးမြှင့်ထားသော ရင်ထိုး( ၃ )ခု ဖြစ်ပါတယ်ခင်ဗျ။
– ပေါက်မဲ ( ၅ ) ကတော့ တပ်ရင်းကရဲဘော်တွေစုပြီးဝယ်ထားတဲ့ ဂစ်တာတစ်လက်ဖြစ်ပါတယ်ဗျ။
– ပေါက်မဲ ( ၁၆ )ကတော့ မကြာခင် ကျွန်တော်တို့ Naypyitawpdfbattalion804 page မှာ ကြေညာပေးသွားပါမယ်ခင်ဗျ။
ကျွန်တော်တို့ရဲ့ ”စက်လက်ဖိုးကူ ပေါက်မဲယူ အောင်ပွဲနှင့်အတူ တပ်ရင်း ၈၀၄ ရဲ့ ကမ်ပိန်း” ကိုကူရင်း ပေါက်မဲ ( ၁၈ ) ခုကို (၁၅,၀၀၀)ကျပ် တည်းနဲ့ ပါဝင်ကံစမ်းရင်းနှင့်ကူညီပေးဖို့မေတ္တာရပ်ခံပါတယ်။”