30 C
Yangon

မုံရွာမှ မန္တလေးသို့ အကျဉ်းသားများ ပို့ဆောင်ရန် လာကြိုသည့် စစ်ကားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၅ ဦးသေဆုံး

Must read

မုံရွာမှ မန္တလေးသို့ အကျဉ်းသားများ ပို့ဆောင်ရန် လာကြိုသည့် စစ်ကားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ မတ် ၄

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်တွင် မုံရွာ-မန္တလေးလမ်းပေါ်တွင် မုံရွာမှ နိုင်ငံရေးအကျဉ်းသားများ ပို့ဆောင် ရန် လာရောက်ကြိုဆိုသည့် အကြမ်းဖက်စစ်ကောင် စီကားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း People’s Army to Fight Dictatorship – PAFD မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၃ ရက် မွန်းလွဲ ၁ နာရီ မိနစ်ခန့်က စစ်ကိုင်းမှ မုံရွာသို့ လာရောက်သည့် အကြမ်းဖက် စစ်ကောင်စီကား ၁၃ စီးကို စစ်ကိုင်း-မုံရွာလမ်းမပေါ် မြင်းမူမြို့နှင့် ဝမ်းပြည့်ရွာ အကြားတွင်တစ်ကြိမ်၊ ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကြားတွင် ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦး သေ ဆုံး ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ကိုင်းဘက်ကနေ ခွေးတွေကားတွေ မြင်းမူအနောက်ဘက် ကျနော်တို့မိုင်းကွင်းရောက်တဲ့အချိန်မှာ မိုင်း ဖြတ်ဆွဲတာ၊ ကျနော်တို့ကတော့ ၃ ကြိမ်တိတိဆွဲခဲ့တာ၊ ကျနော်တို့ကြားရသလောက်ကတော့ မုံ ရွာကနေ နိုင်ငံရေးအကျဉ်း သားတွေကို မန္တလေးကို ပို့တယ်လို့ သတင်းရတယ်၊ အဲဒီကားတွေကို လာကြို တဲ့သဘောပဲ၊ အဲဒီမုံရွာကလာတဲ့ကားတွေက နိုင်ငံရေးအကျဉ်းသားတွေပါနေတဲ့အတွက် မိုင်းမဆွဲခဲ့ပဲနဲ့ လာကြိုတဲ့ကားတွေကိုပဲဆွဲခဲ့တာပါ။ တခြားမဟာမိတ်တွေလည်း ဆွဲတာရှိတယ်၊ ကျန်တာတော့ မသိ ဘူး၊ ကျနော်တို့ပွိုင့်မှာ ဆွဲတဲ့ပွိုင့်မှာ ဘယ်နှစ်ကောင်သေလဲဆိုတာပဲ စုံစမ်းရတဲ့ အခါကျတော့”ဟု People’s Army to Fight Dictatorship – PAFD မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို People’s Army to Fight Dictatorship – PAFD ၊ People’s knight Defense Force Myinmu (PKDF-MMU) ၊ Dog Killers Defense Force ( DKPDF -MMU) ၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသသည်။

ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရသော စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article