38 C
Yangon

Breaking News- မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ရွာသားတချို့ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံရဖွယ်ရှိ

Must read

Breaking News- မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ရွာသားတချို့ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံရဖွယ်ရှိ

■ တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ ဦးကို သတ်ဖြတ်ခဲ့သည့် စစ်တပ် စစ်ကြောင်းက ဝင်ရောက်စီးနင်းနေခြင်းဟုဆို

ရန်ကုန်၊ မတ် ၆

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် လက္ကပင်ကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ကျေးရွာသားတချို့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရဖွယ်ရှိနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၅ ရက်နေ့ ညနေ ၅ နာရီမှစတင်၍ မြင်းမူမြို့နယ်၊ လကက္ကပင်ကျေးရွာကို စစ်တပ်က စစ်ကြောင်း ၂ ကြောင်းခွဲ၍ သေနတ်များ ပစ်ခတ် ဝင်ရောက်လာကြောင်း၊ ယင်းနောက် ကျေးရွာသူ ကျေးရွာသား ၂၀၀ ခန့် ပိတ်မိပြီး စစ်တပ်က ဖမ်းဆိးခဲ့ကြောင်း သိရှိရသည်။

မတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ဖမ်းဆီးထားသော သူများအနက်မှ ကျေးရွာသား ၃ ဦးကို ပစ်သတ်လိုက်ပြီး အိမ် ၂ လုံးကို မီးရှို့ကြောင်း၊ တစ်ရွာလုံးကိုလည်း မွှေနှောက်လျက်ရှိပြီး ကျေးရွာသား အမျိုးသားတချို့ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ဖွယ်ရှိနေကြောင်း သိရှိရသည်။

“ဖမ်းထားတာက လူ ၂၀၀ လောက်ရှိတယ်။ အဲဒီအထဲက အမျိုးသားတွေကို ရွေး ထုတ်ပြီး သတ်တယ်လို့ သိရတယ်။ အဲဒီ ရွာကို ဝင်နေတဲ့ စစ်ကြောင်းက တာ တိုင် ကျေးရွာမှာ ပြည်သူ ၁၇ ဦးကို သတ်ဖြတ်သွားတဲ့ စစ်ကြောင်းပါ။ ပြည်သူတွေလည်း ထွက်ပြေးနေရတယ်။ အတိအကျ မသိရသေးဘူးအခြေအနေက ။ စစ်ခွေးတွေကလည်း ရွာထဲက မထွက်သေးဘူး။ ဒဏ်ရာရထားတဲ့ ပြည်သူတွေလည်းရှိနေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာတွင် မတ်လ ၂ ရက်နေ့ စစ်တပ်က ပြည်သူ ၁၇ ဦးကို လူသားဒိုင်း ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ပြီး အမျိုးသမီး ၃ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ကာ အမျိုးသား ၁၄ ဦးကို ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်းရှိ တံတားတစ်ခုကို စောင့်ကြပ်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်များ။ (ပုံအဟောင်းဖြစ်သည်။)

Photo- AFP ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article