35 C
Yangon

ပုလောတွင် စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သားတစ်ဦး အပြင်းအထန်ဒဏ်ရာရ

Must read

ပုလောတွင် စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သားတစ်ဦး အပြင်းအထန်ဒဏ်ရာရ

ရန်ကုန်၊ မတ် ၇

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာရှိ အကြမ်းဖက်စစ်တပ်စခန်းတစ်ခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ပုလောဒေသကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

မတ်လ ၅ ရက်​နေ့ ညနေ ၅ နာရီခန့်က အဆိုပါတပ်စခန်းကို KNDO ဦးစီးသည့် ပူရိယ္ခညီ‌နောင်စစ် ကြောင်း၊ ပုလောဒေသ ကာကွယ်ရေး တပ်ဖွဲ့ (PRDF)နှင့် မဟာမိတ်တပ်ပေါင်းစုများမှ ထိုးစစ်ဆင် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှု ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံး အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ပြီး ပုလောဒေသကာကွယ် ရေးတပ်ဖွဲ့ (PRDF)အနေဖြင့် စစ်အာဏာရှင် အမြစ်ပြတ် သည်အထိ ဆက်လက် တိုက်ပွဲ ဝင်နေမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article