30 C
Yangon

မုံရွာ-မန္တလေး လမ်းတွင် စစ်တပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၆ ဦးသေဆုံး၊ မြောင်တွင် ကျေးရွာများကို မီးရှို့နေသော စစ်ကြောင်းကို တိုက် ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် စစ်သား ၆ ဦး​သေ

Must read

မုံရွာ-မန္တလေး လမ်းတွင် စစ်တပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၆ ဦးသေဆုံး၊ မြောင်တွင် ကျေးရွာများကို မီးရှို့နေသော စစ်ကြောင်းကို တိုက် ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် စစ်သား ၆ ဦး​သေ

ရန်ကုန်၊ မတ် ၈

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်း၌ တပ်စွဲထားသော စစ်တပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက် ခိုက်ရာ စစ်သား ၆ ဦးသေဆုံးကြောင်း Lightning People Defence Force တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၆ ရက်နေ့ ညနေ ၆ နာရီ ခန့်တွင် မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းရှိ မြေနဲရွာအနီး စွမ်းရည်ထက်ဆီဆိုင်တွင် တပ်စွဲထားသော စစ်သားများကို ၆၀ မမ များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦး သေဆုံးကာ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

” အဲဒီ စစ်ခွေးတွေက မုံရွာ-မန္တလေး လမ်းပိုင်းမှာ အတင်း အဓမ္မ ပိုက်ဆံ တောင်းတဲ့အပြင် ပြည်သူပိုင် စိုက်ခင်းတွေ ဟင်းသီး ဟင်းရွက်တွေကို ခိုးယူ စားသောက်ဖျက်ဆီး နေတဲ့အတွက် တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ တိုက်ခိုက်မှု အတွင်း စစ်သား ၆ ဦးသေဆုံးတယ်” ဟု Lightning People Defence Force တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၇ -Lightning People Defence Force မှ ဦးဆောင်ကာ မော်လိုက်ခရိုင်တပ်ရင်း ၂ ၊ မုံရွာခရိုင် လှုပ်ရှားတပ်ရင်း တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများကို လှည့်လည် မီးရှို့နေသော စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် ၆ ဦးသေဆုံးကြောင်း ဇာမဏီ ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် မြောင်မြို့နယ် အတွင်းရှိ ချောင်းဆင်းရွာ၊ ရသစ်ရွာတို့ကို မီးရှို့ ပြန်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ဗိုလ် ၁ ဦးအပါအဝင် ၆ ဦးသေဆုံးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဇာမဏီ ပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)၊ မန္တလေးခရိုင်အမှတ် (၅)တပ်ရင်း MNPDF Myitnge၊ ဗိုလ်တစ်ထောင် ငမိုးပြောက်ကျားတပ်ဖွဲ့နှင့် Maung Special People Defence Force (MS PDF)တို့က ပူးပေါင်း လုပ် ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article