36 C
Yangon

ပေါက်ရှိ ကျေးရွာ ၄ ခုကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး မီးရှို့ ဖျက် ဆီးမှု နေအိမ် ၄၀ ကျော်ပြာကျ၊ PDF စခန်း ၂ ခုကိုပါ စစ်တပ်က ဖျက်ဆီး

Must read

ပေါက်ရှိ ကျေးရွာ ၄ ခုကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး မီးရှို့ ဖျက် ဆီးမှု နေအိမ် ၄၀ ကျော်ပြာကျ၊ PDF စခန်း ၂ ခုကိုပါ စစ်တပ်က ဖျက်ဆီး

ရန်ကုန်၊ မတ် ၈

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်ပြီး မီးရှို့ ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀ ကျော်ပြာခဲ့ကြောင်း Successful Force – Pauk အဖွဲ့ တာဝန်ခံ ကိုလိပ်ပြာက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂ ရက်နေ့၊ ၅ ရက်နေ့နှင့် ၆ ရက်နေ့တို့တွင် ပေါက်မြို့နယ် အတွင်းရှိ ကင်းမ​ကျေးရွာ၊ အုန်းတောတောင်စုကျေးရွာ၊ ကမ်းပါးဖြူကျေးရွာနှင့် ကျားသိုက် ကျေးရွာတို့ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် စီးနင်း မီးရှို့ခဲ့ကြောင်း၊ ပြည်သူပိုင် နေအိမ် ၄၀ ကျော် ပြာကျပျက်စီးခဲ့ကြောင်း သိရသည်။

” အဲဒီ စစ်ခွေး စစ်ကြောင်းက ဖေဖော်ဝါရီလ ၂၆ ရက်နေ့က စစ်ကြောင်းထိုးနေတာ ကင်းမ​ကျေးရွာ၊ အုန်းတောတောင်စုကျေးရွာနဲ့ ကမ်းပါးဖြူကျေးရွာက တော့ စစ်ခွေးတွေ မီးရှို့ဖျက်ဆီးသွားတာ ကျားသိုက်ရွာကတော့ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ နေအိမ် ၂ လုံး ပျက်စီးသွားတယ်” ဟု Successful Force – Pauk အဖွဲ့ တာဝန်ခံ ကိုလိပ်ပြာကပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပခုက္ကူခရိုင် အမှတ် တပ်ရင်း ၁၈ ၏ စခန်း တစ်ခုကို စီးနင်းဖျက်ဆီးခဲ့ပြီး ဖောကား၊ ဆိုင်ကယ်၊ လက်လုပ် သေ နတ်နှင့် မိုင်းများလည်း ဖျက်ဆီးခံရကြောင်း၊ ငွေကျပ် သိန်း ၆၀၀ ဆုံးရှုံးခဲ့​ကြောင်း၊ ကမ်း ပါးဖြူးရွာ အနီးရှိ ကာကွယ်ရေး တပ်ဖွဲ့၏ စခန်းငယ် တစ်ခုလည်း စီးနင်းခံရပြီး ငွေကျပ် သိန်း ၅၀ ကျော် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article