30 C
Yangon

ရေးမြို့နယ်၊ ခံသင်းတံတားအနီးရှိ စစ်တပ်စခန်း တစ်ခုကို ရေးဘီလူးအဖွဲ့က တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး

Must read

ရေးမြို့နယ်၊ ခံသင်းတံတားအနီးရှိ စစ်တပ်စခန်း တစ်ခုကို ရေးဘီလူးအဖွဲ့က တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၀

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခံသင်းတံတားအနီးရှိ စစ်တပ်စခန်း တစ်ခုကို ရေးဘီလူးအဖွဲ့က ယနေ့ နံနက်ပိုင်း တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေ ဆုံးသွားကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၀ ရက်နေ့ နံနက် ၇ နာရီအချိန် ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအုပ်စု၊ စုံ့နံ့သာကျေးရွာအကြားရှိ ခံသင်းတံတားအနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ရေးဘီလူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်သိမ်းပိုက် မီးရှို့ ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။

“မွန်ပြည်နယ်၊ ရေးမြို့နယ်အာယုတောင်နဲ့ စုံနံ့သာကြားမှာရှိတဲ့ ခံသင်းတံတားဘေးက စစ်ကောင်စီတပ်စခန်းတစ်ခုကို ရေးဘီလူးအဖွဲ့သားများက ဝင်ရောက် သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။ ဒီမနက် ၇ နာရီတိတိမှာ ဝင်ရောက် သိမ်းဆည်းနိုင်ခဲ့တယ်။ စခန်းကို ကျနော်တို့ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်။ အင်အားက သူတို့ဘက်ခြမ်းက ၁၅ ဦးလောက်ရှိမယ်။ ဒါပေမယ့် ထိခိုက်သေဆုံးမှုက ၅ ဦး၊ ၆ ဦးလောက်ပဲ ကျနော်တို့ အတည်ပြုနိုင်တာဖြစ်ပါတယ်။ ကျန်တဲ့ လူတွေက ထွက်ပြေးတယ်။ ခံမပစ်ရဲဘူး။ ကျနော်တို့ လက်ဦးမှု ရခဲ့တယ်။ ကျနော်တို့ ပိုင်ပိုင်နိုင်နိုင်ကို စခန်းအတွင်း ဝင်ရောက် သိမ်းဆည်းနိုင်ခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ လက်နက်ကောက်ဖို့ အဆင်မပြေဘူး။ ဆုတ်လမ်းက တအားဝေးတော့ ဟိုဘက်ခြမ်းက လက်နက်ကြီးပစ်တော့ ကျနော်တို့ အကောင်းဆုံး ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ရေးဘီလူးအဖွဲ့၏ ခေါင်းဆောင်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article