38 C
Yangon

မတ္တရာမှ ထီးချိုင့်ဘက်သို့ သွားသော စစ်ယာဉ်တန်းကို ၃ ကြိမ်မိုင်းဆွဲမှု စစ် တပ်ဘက်မှ သေဆုံးမှုများပြား

Must read

မတ္တရာမှ ထီးချိုင့်ဘက်သို့ သွားသော စစ်ယာဉ်တန်းကို ၃ ကြိမ်မိုင်းဆွဲမှု စစ် တပ်ဘက်မှ သေဆုံးမှုများပြား

ရန်ကုန်၊ မတ် ၁၁

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှ စစ်ကိုင်းတိုင်း၊ ထီးချိုင့်ဘက်သို့ သွားသော စစ်အင်အားဖြည့် တင်းရန် အကြမ်းဖက်စစ်သား ၁၀၀၀ ကျော်ပါ စစ်ကား ၄၉ စီး ယာဉ်တန်း ကို ၃ ကြိမ်မိုင်းဆွဲပြီး ပစ်ခတ် တိုက် ခိုက်ခဲ့ရာ စစ်သား ၂၀ ခန့်သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တကောင်းမှ သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့မတ်လ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့် အချိန် စစ်တပ် ယာဉ်တန်းက သပိတ်ကျင်းမြို့နယ်ကို ဖြတ်သန်းပြီး တကောင်းလမ်းဆုံအနီး ကျွဲကူးကန်အနီး ရောက်ရှိလာကြောင်း၊ တကောင်း‌တိုက်နယ်ပကဖနှင့် TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့တို့က စစ်တပ်၏ ရှေ့ပြေးကား ၃ စီးကို ပဒေသာမိုင်း ၁ လုံး၊ ရှေ့ထွက်မိုင်း ၄ လုံး ဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများထိခိုက် သေဆုံးမှုရှိပြီး စစ်တပ်က လက်နက်ကြီး၊လက်နက်ငယ် များဖြင့်ရမ်း သမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာရှိပေမယ့် ကျနော်တို့ ရဲ ဘော်တွေအားလုံးဘေးကင်းပါတယ်၊ ပြည်သူနှစ်ဦးတော့ ရိုက်နှက်စစ်ဆေးခံလိုက်ရတယ်၊ ပြန်တော့ လွှတ်ပေးခဲ့တယ်၊ စစ်ကားအစိမ်းကြီးတွေနဲ့ပို့တာ၊ တစ်စီးကို ၃၀ နီးပါးလောက်ပါတယ်၊ သေဆုံး ဒဏ်ရာရ စစ်ခွေးတွေကို ၇ မိုင်တပ်ဆေးရုံမှာ ထားခဲ့တာ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-တကောင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မိုင်းဆွဲခံရပြီးနောက် ဆက်လက်မောင်းနှင်သွားလာသည့် ကားများကို တကောင်း တိုက်နယ်၊ ၆ မိုင်၊ နောင်လုံသံတံတား အနီးအရောက် မိုင်း ၃ လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း၊ အလားတူ ဆက် လက် မောင်းနှင် လာသော ယင်း စစ်ယာဉ်တန်းကို အင်ပျံကျေးရွာအနီးအရောက် မိုင်း၅ လုံးဖြင့် ထပ်မံ ဖောက် ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ကားသမား တစ်ဦးချက်ချင်းသေဆုံးပြီး ကားစီးပျက်စီးခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှု ၃ ကြိမ်အတွင်း အကြမ်းဖက်စစ်သား ၂၀ ခန့်သေဆုံးပြီး အများအပြားထိခိုက် ဒဏ် ရာ ရရှိခဲ့ကြောင်း၊ သေဆုံးဒဏ်ရာရစစ်သားများကို ၇ မိုင်တပ်ဆေးရုံ၌ ထားခဲ့ပြီး ယာဉ်တန်းမှာ ထီးချိုင့် မြို့နယ်ဘက် သို့ ဆက်လက်မောင်းနှင်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article