33 C
Yangon

ပေါင်းတည်မြို့နယ်၊ လက်ပံပါးပျဉ်းရွာတွင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ မောင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ပေါင်းတည်မြို့နယ်၊ လက်ပံပါးပျဉ်းရွာတွင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ မောင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၁၅

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကြို့ပင်သာအုပ်စု၊ လက်ပံပါးပျဉ်းရွာမှ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ မောင်ဝင်းကို ပေါင်းတည် PDF က ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း ပေါင်းတည် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ (PPDF) တပ်ရင်း၏ သတင်းပြန်ကြားထောက်လှမ်းရေးတာဝန်ခံ ဗိုလ်SHADOWက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ် အချိန် ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါင်းတည်မြို့နယ်၊ ကြို့ပင်သာအုပ်စု၊လက်ပံပါးပျဉ်းရွာ မှ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံထားရသူ မောင်ဝင်းကို လက်ပံပါးပျဉ်းရွာ သင်္ချိုင်းကုန်းအနီးတွင် နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပေါင်းတည်မြို့နယ်၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့၃၆၀၁ တပ်ရင်းတပ်ခွဲ ၅ ၊ နွေဦးအဖွဲ့က သေနတ်ဖြင့် ၅ ချက်ပစ်ခတ်ရှင်းလင်းရာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။

“မောင်ဝင်းက စစ်တပ် အလိုကျ လုပ်နေတာပါ ။ လောင်းကစားနဲ့ သစ်လိုင်းကြေးတွေ စစ်တပ်အတွက် ကောက်ခံပေးတယ်။ ကိုယ်တိုင်ကြက်ဝိုင်း၊ဂျင်ဝိုင်းတွေ ထောင်ပြီး စစ်တပ်ကို ထောက်ပံ့တယ်။ ဒါ့အပြင် ကျေးရွာအုပ်စုအတွင်း တော်လှန်ရေး တက်ကြွလှုပ်ရှားနေသူတွေရဲ့သတင်းတွေကို စစ်တပ်နဲ့ရဲကို ပေးပို့နေတယ်။ CDM လုပ်ထားတဲ့ ပြည့်သူဝန်ထမ်းကောင်းတွေကိုလည်း ကျေး ရွာ အုပ်စုအတွင်းနေထိုင်လို့မရအောင် စိတ်ဒုက္ခ အမျိုးမျိုးပေးနှိပ်စက်တယ်။ အဲဒါကြောင့် ရှင်းလင်းတာပါ” ဟု ပေါင်းတည် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ (PPDF) တပ်ရင်း၏ သတင်းပြန်ကြားထောက်လှမ်းရေးတာဝန်ခံ ဗိုလ် SHADOW က ရှင်းပြသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် သေဆုံးသူ မောင်ဝင်းသည် လက်ပံပါးပျဉ်းရွာမှ စစ်တပ်သတင်းပေး လုပ်ကိုင်ခြင်း ရှိ၊ မရှိ မြေပြင် အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article