28 C
Yangon

နေပြည်တော်၊ ပျဉ်းမနားရှိ ခမရ ၆၀၄ တပ်ရင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ဟု နေပြည်တော် PDF ပြော၊ ရွှေဘိုတွင် ပျူစောထီးကားကို မိုင်းဆွဲမှု ၂ ဦးသေဆုံး

Must read

နေပြည်တော်၊ ပျဉ်းမနားရှိ ခမရ ၆၀၄ တပ်ရင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ဟု နေပြည်တော် PDF ပြော၊ ရွှေဘိုတွင် ပျူစောထီးကားကို မိုင်းဆွဲမှု ၂ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၅

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ခမရ ၆၀၄ တပ်ရင်းကို လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့ကြောင်း နေပြည်တော် PDF ၈၀၄ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောသည်။

မတ်လ ၁၃ ရက်နေ့ ည ၇ နာရီအချိန် နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ၊အောင်နန်းချိုရွာအနီးရှိ အမှတ် ၆၀၄ ခြေမြန် တပ်ရင်းကို လက်နက်ကြီး မစ်ဇိုင်း ၄ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ကြီး တစ်လုံးမှာ ပစ်မှတ်သို့ တည့်တည့်

ထိ မှန် ပြီး ကျန် လက်နက်ကြီး ၃ စင်းမှာ တပ်ရင်းအနီးနားများသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ပတ်ဝန်းကျင်တစ်ခုလုံးကို လက်နက် ကြီးများဖြင့် ရမ်းကား ပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“တပ်အဝင် အထွက် ပိတ်ထားပြီး ပတ်ဝန်ကျင်းကျေးရွာတွေကို စစ်ဆေးခဲ့ပါတယ်။ အဲဒီစစ်တပ်က လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်လို့ ရွာတွေဆီကို ကျ​ရောက်​​ပေါက်ကွဲခဲ့ပါတယ်” ဟု နေပြည်တော် PDF ၈၀၄ တပ်မှ တာဝန်ရှိသူက ဆိုသည်။

နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ ခမရ ၆၀၄ သည် စကခ ၆ လက်အောက်ခံတပ်ဖြစ်ပြီး နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ လက်အောက်တွင် ရှိနေကြောင်း သိရှိရသည်။

အလားတူစစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာက ထွက်လာသည့် ပျူစောထီး ကားကို PDF တပ်ဖွဲ့များ မိုင်းဆွဲရာ ၂ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ညောင်ကိုင်းရွာမှ ထွက်လာသည့် ပျူစောထီး ဖိုးလုံး၏ကားကို ဂျိုးမြေဇင်းရွာ၊ ထန်းနှောင်းကိုင်းရွာနှင့် မြို့လှရွာ လမ်းသုံးခွ အရောက် ဒေသကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ညောင်ကိုင်းပျူရွာမှ ပျူစောထီး ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ပျူစောထီး ဖိုးလုံးလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသွားသော ပျူစောထီး ၂ ဦး၏ ရုပ်အလောင်းကို မိုင်းဆွဲ တိုက် ခိုက်ခံရသည့် အနီးနားရှိ ကြက်ခြံထဲထည့်ကာ မီးရှို့အလောင်းဖျောက်ဖျက် သွားကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF )အဖွဲ့နှင့် ဗိုလ်ဂျပန်ကြီး – SHWEBO (LPDF) အဖွဲ့၊ တောင်သူကြီးများ အဖွဲ့ -LDF ၊ မတစ်ထောင် ( တစ်ကောင်ဘွား ) – ဒီပဲယင်းအဖွဲ့နှင့် ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ်အင်အားစုတို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- နေပြည်တော် PDF ၈၀၄ တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article