38 C
Yangon

ပေါက်မြို့နယ်၊ ကုက္ကိုစုပျူရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က MI -35 ရဟတ်ယာဥ် ၁ စီးဖြင့် ပစ်ခတ်၊ လူသားဒိုင်း အဖြစ် ဖမ်းဆီးလာသည့် ပြည်သူ ၁၁ ဦးကို စစ်သားများက စစ်ယူနီဖောင်းများ ဝတ်ဆင်ခိုင်း

Must read

ပေါက်မြို့နယ်၊ ကုက္ကိုစုပျူရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က MI -35 ရဟတ်ယာဥ် ၁ စီးဖြင့် ပစ်ခတ်၊ လူသားဒိုင်း အဖြစ် ဖမ်းဆီးလာသည့် ပြည်သူ ၁၁ ဦးကို စစ်သားများက စစ်ယူနီဖောင်းများ ဝတ်ဆင်ခိုင်း

ရန်ကုန်၊ မတ် ၁၅

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က MI -35 ရဟတ်ယာဥ် ၁ စီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ပေါက်မြောက်ပိုင်း ကာကွယ်ရေး အဖွဲ့မှ ဗိုလ်လရောင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၅ ရက်နေ့တွင် ပေါက်မြို့နယ် ကုက္ကိုစု ပျူစောထီး အနီးရှိ ရေပြာရဲစခန်းကို လာရောက်သည့် အကြမ်းဖက် စစ်​တပ် စစ်ကြောင်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဝိုင်းဝန်း တိုက်ခိုက်ခဲ့ပြီး စစ်တပ် စစ်ကြောင်း ပိတ်မိသွားသောကြောင့် MI-35 ရဟတ်ယာဥ် ၁ စီးဖြင့် လာရောက် ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ် စစ်ကြောင်းသည် မတ်လ ၁၄ ရက်နေ့က ဖမ်းဆီးလာသည့် စံဖဲရွာသား ၉ ဦးနှင့် အင်ပင်ရွာသား ၂ ဦးကို လက်ရှိချိန်တွင် စစ်ယူနီဖောင်းများ ဝတ်ဆင်ခိုင်းထားပြီး ကုက္ကိုစု ပျူစောထီးရွာသို့ ဝင်ရောက်သွားကြောင်း သိရသည်။

” ဒီနေ့ နံနက်ပိုင်း သနပ်ပင်ဇင်းရွာကနေ အင်အား ၁၀၀ ပါတဲ့ စစ်ကြောင်းက ၂ ကြောင်းခွဲပြီး ကုက္ကိုစုရွာနားက ရေပြာရဲစခန်းကို တစ်ကြောင်းန​ဲ့ သနပ်ပင်ဇင်းဘုန်းကြီးကျောင်းမှာ ၅၀ ကျော်လောက်ပဲကျန်ခဲ့တယ်။ ရေပြာ ရဲစခန်းကိုသွားတဲ့ စစ်ခွေး စစ်ကြောင်းကို ကာကွယ်ရေး တပ်ဖွဲ့က ဝိုင်းမိထားတော့ သူတို့ ပိတ်မိပြီး MI-35 ရဟတ်ယာဥ် ၁ စီးနဲ့ လာပစ်တာ တိုက်ပွဲအတွင်း စစ်ခွေး သေစာရင်းတော့ မသိရသေးဘူး။ စစ်ခွေးစစ်ကြောင်းက ကုက္ကိုစုပျူရွာ အနီးမှာပဲ ရှိသေးတယ်။ စစ်ခွေးတွေက လူသားဒိုင်း အဖြစ်နဲ့ ဖမ်းလာတဲ့ ပြည်သူ ၁၂ ဦးကို စစ်ယူနီဖောင်းတွေ ၀တ်ခိုင်းထားတယ်” ဟု ပေါက်မြောက်ပိုင်း ကာကွယ်ရေး အဖွဲ့မှ ဗိုလ်လရောင်က ပြောဆိုသည်။

လက်ရှိချိန်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်သောကြောင့် ကမ်းပျိူရွာ၊ မုန်းတောရွာ၊ အင်းယာရွာ၊ ဆူးလေကုန်းရွာ၊ သနပ်ပင်ဇင်းရွာ၊ အင်းတိန်ရွာနှင့် တငုတ်ပြင်ရွာမှ ပြည်သူ ၆၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article