37 C
Yangon

မတ္တရာမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး မြွေတလိုင်းရွာကိုလည်း ယနေ့ ညပိုင်းအထိ စစ်တပ်က ဆက်လက်မီးရှို့နေဆဲ

Must read

မတ္တရာမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး မြွေတလိုင်းရွာကိုလည်း ယနေ့ ညပိုင်းအထိ စစ်တပ်က ဆက်လက်မီးရှို့နေဆဲ

ရန်ကုန်၊ မတ် ၁၆

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် စစ်တပ်က မြွေရေယာဉ်ရွာနှင့် မြွေခလား ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ ညနေ ၅ နာရီမှ စတင်ကာ အကြမ်းဖက် စစ်တပ်က လက်ရှိချိန်အထိ မြွေတလိုင်းရွာကို မီးရှို့ ဖျက်ဆီး လျက်ရှိကြောင်း သိရသည်။

” မြွေတလိုင်းရွာမှာ အခုထိ မီးလောင်နေသေးတယ်။ ထိန်ပင်ဇောက်ရွာဘက်က လာတဲ့ စစ်ခွေးတွေက မြွေတလိုင်းရွာကို မီးရှို့ ဖျက်စီးနေတာ မြွေရေယာဉ်ရွာနဲ့ မြွေခလားရွာကိုလည်း စစ်ခွေးတွေက မီးရှို့ဖျက်ဆီးသွားတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီ ယာသို့ ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်း၊ ယင်းမာပင်ရှိ ကျေးရွာတစ်ခုကို ယခုရက်ပိုင်းအတွင်း ညပိုင်း စစ်တပ်က မီးတင်ရှို့နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article