34 C
Yangon

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ လှိုင် မြို့ နယ်၊ ဇွဲမင်း ရွှေဆိုင်တို့ကို ဗုံးဖြင့် ဖောက်ခွဲမှုဖြစ်

Must read

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ လှိုင် မြို့ နယ်၊ ဇွဲမင်း ရွှေဆိုင်တို့ကို ဗုံးဖြင့် ဖောက်ခွဲမှုဖြစ်

ရန်ကုန်၊ မတ်လ ၁၆

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် လှိုင် မြို့နယ်၊ ဇွဲမင်းရွှေဆိုင်တို့ကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားကြောင်း ဒေသ ပြည်သူများ၏ ပြောဆိုချက် နှင့် စစ်တပ်ဘက်မှ သတင်းထုတ်ပြန် ချက် အရ သိရှိရသည်။

မတ်လ ၁၆ ရက်နေ့ ညနေ ၂ နာရီ ၄၀ မိနစ် ဝန်းကျင် ရန်ကုန်တိုင်း၊ မြောက် ဥက္က လာပမြို့နယ် (ဃ) ရပ်ကွက်အုပ် ချုပ်မှူးရေးရုံးကို လက်ပစ်ဗုံးဖြင့် ပစ် ခတ် ခံရပြီး ပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသပြည်သူများက ပြောသည်။

“ဗုံးပေါက်ကွဲပေမယ့် လူထိခိုက်မှုမရှိဘူး။ အသံလည်းကြားလိုက်မိတယ်” ဟု မြောက်ဥက္ကလာပမြို့နယ်မှ ဒေသပြည်သူတစ်ဦးက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်၊ (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး Yangon Underground Force (YUF ) က ဦးဆောင်ပြီး မဟာမိတ်အဖွဲ့ များဖြစ် ကြ သည့် Freeland Attack Force (FLA) ၊ Emerald Girls Army ( EGA) တို့ ပူးပေါင်း ဗုံးခွဲခဲ့ကြောင်း Freeland Attack Forceက သတင်းထုတ် ပြန်ထား သည်။

အလားတူ မတ်လ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၄၁ မိနစ်အချိန် ရန်ကုန်တိုင်း၊ လှိုင် မြို့ နယ်၊ ၁ ရပ်ကွက်၊ ဘူတာရုံလမ်းရှိ ဇွဲမင်းရွှေဆိုင်ကို လက်ပစ်ဗုံးဖြင့် ပစ် ခတ်မှုဖြစ်ပွားပြီး ဗုံးမှာ မပေါက်ကွဲခဲ့ကြောင်း၊ ယင်းနောက် စစ်တပ် ရောက် ရှိလာပြီး ချစ်တီးဘုရားကျောင်းအနီးတွင် ဖောက်ခွဲခဲ့ကြောင်း ဒေသ ပြည်သူ တချို့က ပြောဆိုကြသည်။

“လက်ပစ်ဗုံးနဲ့ ပစ်တာလား၊ ဗုံးထောင်တာလားမသိဘူး။ ပေါက်ကွဲသံကတော့ ကြားလိုက်တယ်။ လမ်းမကြီးနဲ့ လမ်းသွယ်တွေပိတ်ပြီး ဗုံးခွဲသွားတာ” ဟု ၁ ရပ် ကွက် မှ ပြည်သူတစ်ဦးက ဆိုသည်။

ဓာတ်ပုံ- ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲ၍ စစ်တပ်နှင့်ရဲက စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article