29 C
Yangon

မိုးညိုမြို့နယ်၊ ရေကင်းရွာ ရဲစခန်းအနီးမှ လောင်းကစားဝိုင်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ပျူစောထီး ၃ ဦးသေဆုံး

Must read

မိုးညိုမြို့နယ်၊ ရေကင်းရွာ ရဲစခန်းအနီးမှ လောင်းကစားဝိုင်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ပျူစောထီး ၃ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၈

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်၊ ရေကင်းရွာ ရဲစခန်း အနောက်ရှိ လောင်းကစားဝိုင်းကို လက် ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ပျူစောထီး ၃ ဦးသေဆုံးကြောင်း သာယာ ဝတီ ခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆို သည်။

မတ်လ ၁၇ ရက်နေ့ ည ၁ နာရီခန့်တွင် မိုးညိုမြို့နယ် ရေကင်းရွာ ရဲစခန်း အနောက် ရှိ လောင်းကစားဝိုင်းကို အရပ်သားများ ပြန်သွားပြီး လောင်း ကစား ဒိုင်နှင့် ပျူစောထီးများ ကျန်ရှိနေချိန်၌ မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်ခဲ့ပြီး ၁၀ ဦး ထိခိုက် ဒဏ်ရာ ရရှိကာ ရေကင်းရွာ ဆေးရုံအရောက်၌ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” မိုင်းထိတာက ၁၀ ဦးပါ။ ၃ ဦးက ရေကင်းဆေးရုံမှာ သွေးထွက်လွန်လို့ သေ တယ်လို့ သိရတယ်။ အဲဒီတိုက်ခိုက်မှုကို မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့တာပါ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ လောင်းကစားဝိုင်းကို စစ်ကောင်စီခန့် ရေကင်းရွာ အုပ်ချူပ်ရေးမှူး မင်း ဇော်နှင့် ပျူစောထီး ခေါင်းဆောင် ခင်မောင်ဝင်းတို့မှ အကြမ်းဖက် စစ်တပ် ကို လိုင်းကြေးပေး၍ လောင်းကစား ပြုလုပ်နေသောကြောင့် မိုးညိုမြို့နယ် ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့မှ မြို့နယ် အနှံ့ကျင်းပပြုလုပ်နေသော ဖဲဝိုင်း၊ ဂျင်ဝိုင်း ကြက် ဝိုင်းများ မပြုလုပ်ရန် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၆ရက်တွင် သတိပေးစာ ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပဲခူးတိုင်းအတွင်းရှိ လောင်းကစား ဝိုင်းတစ်ခု။ (ပုံအဟောင်း ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article