29 C
Yangon

မိန်းမ ဖြစ်သူ နောက်အိမ်ထောင်ပြုမှုနှင့် စစ်မတိုက်လိုတော့မှုကြောင့် ကန့်ဘလူ ၆၀၀၆ အမြောက်တပ်မှ ဗိုလ်ဇေယျထွန်း အဆုံးစီရင် သေဆုံး

Must read

မိန်းမ ဖြစ်သူ နောက်အိမ်ထောင်ပြုမှုနှင့် စစ်မတိုက်လိုတော့မှုကြောင့် ကန့်ဘလူ ၆၀၀၆ အမြောက်တပ်မှ ဗိုလ်ဇေယျထွန်း အဆုံးစီရင် သေဆုံး

ရန်ကုန်၊ မတ် ၁၉

အကြမ်းဖက်စစ်ကောင်စီ၏ ကန့်ဘလူ ၆၀၀၆ တပ်ရင်းမှ ၂ ပွင့် ဗိုလ်ဇေယျာ ထွန်း သည် မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်း မိန်းမဖြစ်သူ နောက်အိမ်ထောင် ပြု သွားခြင်းနှင့် စစ်မတိုက်လိုက်တော့ခြင်းတို့ကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီ ရင် သေဆုံးသွားကြောင်း ဒေသတင်းရင်းမြစ်နှင့် တပ်သတင်းရင်းမြစ်တချို့က ပြောသည်။

မတ်လ ၁၇ ရက်နေ့ နံနက် ၇ နာရီအချိန် ကန့်ဘလူ၆၀၀၆မှ ဗိုလ်ဇေယျာထွန်း သည် ကိုယ့်ကိုကိုယ် အဆုံးစီရင် သေဆုံးသွားကြောင်း၊ ၎င်းသည် တာဝန်ကျ သည့် ကန့်ဘလူ အမြောက်တပ်မှ ဇနီးသည်ရှိရာ ရန်ကုန်မြို့သို့ ခွင့်ပြန်လိုသော် လည်း တပ်က ခွင့်မပေး ကြောင်း၊ ယင်းနောက် ဇနီးဖြစ်သူသည် နောက်အိမ် ထောင် ပြုသွား ခဲ့ကြောင်း၊ ဇနီးဖြစ်သူ နောက် အိမ်ထောင်ပြုသွားခြင်းနှင့် ၎င်း အနေ ဖြင့်လည်း ဆက်လက် စစ်မတိုက်လိုတော့ကြောင်း မကြာခဏ ဆိုသလို ထုတ်ဖော်ပြောဆိုပြီး အချိန်ပြည့် အရက် မူးယစ်နေခဲ့ကြောင်း၊ မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင်မူ မိမိကိုယ်ကိုကိုယ် အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ ကန့်ဘလူ ၆၀၀၆ တပ်ရင်းမှ ၂ပွင့်ဗိုလ် ဇေယျာထွန်း ကို့ကိုယ်ကို အဆုံးစီရင် သွားပါတယ်။ အကြောင်းက ရန်ကုန်မှာ ပို့ထားတဲ့ သူ့မိန်းမက နောက်လင်ယူ သွား တာကြောင့် အဆုံးစီရင်သွားတယ်လို့ သိရပါတယ်ဗျ” ဟု ဒေသသတင်း ရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက်စစ်တပ်၏ ကန့်ဘလူ ၆၀၀၆ တပ်ရင်းသည် အမြောက်တပ် ရင်းဖြစ်ပြီး ဒေသခံပြည်သူများကို တာဝေးပစ်လက်နက်ကြီးများနှင့် ပစ်ခတ်မှု များ ပြုလုပ်နေ၍ ပြည်သူများ မကြာခဏဆိုသလို ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်း ရှောင်နေကြရသည်။

ဓာတ်ပုံ- စစ်ကောင်စီအမြောက်တပ်မှ တပ်သားများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article