30 C
Yangon

ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်း အရန်ရဲတပ်ဖွဲ့ အိမ်ရာဝင်း တွင် ဗုံးပေါက်ကွဲမှု ဖြစ်၊ မန္တလေး ပို့ဆောင်ရေးရုံးတွင် ဗုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရမှုများရှိ

Must read

ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်း အရန်ရဲတပ်ဖွဲ့ အိမ်ရာဝင်း တွင် ဗုံးပေါက်ကွဲမှု ဖြစ်၊ မန္တလေး ပို့ဆောင်ရေးရုံးတွင် ဗုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရမှုများရှိ

ရန်ကုန်၊ မတ် ၂၀

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ ၁၆ ရပ်ကွက်ရှိ ရန်ကုန်တိုင်းရဲတပ်ဖွဲရုံး အိမ်ရာ ဝင်းအတွင်းတွင် ယနေ့ ဗုံးပေါက်ကွဲခဲ့ကြောင်း ရန်ကုန်ကင်းထောက် Eagle News အဖွဲ့၏ သတင်းဖော်ပြချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်များ အရ သိရှိရသည်။

မတ်လ ၂၀ ရက်နေ့ ည ၉ နာရီခွဲခန့် ရန်ကင်းမြို့နယ် အရန် ရဲတပ်ဖွဲ့ တပ်ဝင်း အတွင်း ပေါက်ကွဲသံများ ထွက်ပေါ်လာကြောင်း ၊ အဆိုပါ ဖောက်ခွဲမှုကို Freeland Attack Force (FLA) နှင့် Anonymous Fighters Force ( AFF )တို့က ဦးဆာင်ပြီး Yangon Underground Force (YUF) ၊ Emerald Girls Army (EGA ) ၊ အဖွဲတို့ပူးပေါင်းကာ ဗုံးခွဲတိုက် ခိုက်ခဲ့ကြောင် အဆိုပါ အဖွဲ့များ က သတင်းထုတ်ပြန်ထားသည်။

“ဗုံးပေါက်ကွဲ သံကြားရပါတယ်။ ရဲတချို့ စစ်ဆေးတာတွေနဲ့ ထွက်လာတာတွေ့ ပါ တယ်။ ခဏလောက်အကြာတော့ အကုန်ပြန်တိတ်ဆိတ်သွားပါတယ်။ ထိ ခိုက် ဒဏ်ရာ ရတာ မရှိဘူးလို့ထင်ပါတယ်” ဟု ရန်ကင်းမြို့နယ်၊ ၁၆ ရပ်ကွက် မှ ဒေသပြည်သူတစ်ဦးက ဆိုသည်။

အလားတူ ယနေ့ နံနက်ပိုင်း ၂ နာရီခွဲအချိန် မြောက်ဒဂုံမြို့နယ်အတွင်း ဗုံးပေါက် ကွဲသံ ကျယ်လောင်စွာ ကြားရ ကြောင်း ဒေသပြည်သူတချို့က ပြောသည်။

ထို့ပြင် မတ်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်အချိန် မန္တလေးတိုင်း၊ ချမ်း အေး သာစံမြိုနယ်၊အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ ၈၃ လမ်း ၊၃၄×၃၅ လမ်း ကြားရှိ မန္တလေးတိုင်းပို့ဆောင်ရေး စီမံကိန်းဦးစီးဌာရုံးတွင် လက်လုပ်ဗုံး ဖြင့် ပစ် ခတ်မှု ဖြစ်ပွားပြီး ဦးလွှမ်းမိုး၊ဒု-ဦးစီးမှုး၊ ဦးဇော်မြင့်၊အကြီးတန်းစာရေး၊ မသူ သူ အောင်၊အငယ်တန်းစာရေး၊ဒေါ်လှစံပယ်ကျော်တို့ ထိခိုက်ဒဏ်ရာရ ရှိ ကြောင်း စစ်တပ်ဘက်က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- ယနေ့နံနက်ပိုင်း မန္တလေး ပို့ဆောင်ရေးရုံးတွင် ဗုံးပေါက်ကွဲစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article