36 C
Yangon

လှိုင်မြို့နယ်၊ ဘုရားလမ်းမီးပွိုင့်တွင် ယာဉ်တိုက်မှုကို ကယ်ဆယ်ရေးသွားသည့် ပရဟိတ အဖွဲ့ကို ဗိုလ်မှူး ဝေယံအောင်က ပါးရိုက်

Must read

လှိုင်မြို့နယ်၊ ဘုရားလမ်းမီးပွိုင့်တွင် ယာဉ်တိုက်မှုကို ကယ်ဆယ်ရေးသွားသည့် ပရဟိတ အဖွဲ့ကို ဗိုလ်မှူး ဝေယံအောင်က ပါးရိုက်

ရန်ကုန်၊ မတ် ၂၀

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ရန်ကုန်-အင်းစိန်လမ်း၊ ဘုရားလမ်းမီးပွိုင့်တွင် ယမန် နေ့ ညပိုင်း ယာဉ် ၅ စီး တိုက်မှု ဖြစ် ပွားပြီး ယင်းယာဉ်တိုက်မှုကို ကယ်ဆယ် ရေး သွားသည့် ပရဟိတအဖွဲ့ကို လှိုင်မြို့နယ်ဒေသလုံခြုံရေး တာဝန်ယူ ထား သည့် ဗိုလ်မှူး ဝေယံအောင်က ပါးရိုက်သွားကြောင်း သိရှိရသည်။

မတ်လ ၂၀ ရက်နေ့ ည ၁၁ နာရီအချိန် လှိုင်မြို့နယ်၊ အင်းစိန်လမ်း၊ ဘုရားလမ်း မီးပွိုင့် တွင် ယာဥ် ၅ စီး ဆင့်တိုက်မှု ဖြစ်ပွားပြီး အမျိုးသမီး ၁ ဦး သေဆုံး သွား ခဲ့ကြောင်း၊ ယင်းအခင်းဖြစ်ပွားရာနေရာသို့ ပရဟိတ အသင်းများ လာ ရောက် ပြီး သေဆုံးလူနာနှင့် ထိခိုက်လူနာများကို ရန်ကုန်ဆေးရုံကြီးနှင့် အင်း စိန် ဆေး ရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ယင်းနောက် လှိုင်မြို့နယ် လုံခြုံရေးတာဝန် ကျ ဗိုလ် မှူး ဝေယံအောင် အရပ်ဝတ်ဖြင့် မူးရူးရောက်ရှိလာပြီး အခင်းဖြစ်ပွား နေသော နေရာမှ ပရဟိတသမားများကို ပါးရိုက်သွားကြောင်း သိရှိရသည်။

“ပရဟိတ အဖွဲ့ဝင်တွေကို လှိုင်မြို့နယ် ဘောလုံးကွင်းမှာ လုံခြုံရေးယူထား သော ဗိုလ်မှူးဝေယံအောင် ဆိုတဲ့သူက ရောက်လာပြီးတော့ ငါ့ကို မသိဘူးလား၊ မင်းတို့က ငါ့ကို မသိဘူးလားဆိုပြီး မူးရူးသောင်းကျန်းတယ်။ အရပ်ဝတ် နဲ့ လာ ပြီး တော့ ပရဟိတ အဖွဲ့ဝင်တွေကို ပါးရိုက်တယ်။ နားပန်ကျင်းတယ်” ဟု အခင်း ဖြစ်စဉ်ကို တွေ့မြင်ခဲ့ရသူ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လှိုင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ညပိုင်း မူးရူး၍ ရမ်းကားပစ်ဖောက်ခြင်း၊ ပြည်သူများကို ဖမ်းဆီး ရိုက်နှက် ငွေညှစ်ခြင်း အပါအဝင် ရမ်းကားသော လုပ် ရပ် များ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ ညပိုင်း လှိုင်မြို့နယ်တွင်ဖြစ်ပွားသော ယာဉ်တိုက်မှု မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article