30 C
Yangon

တောင်ဥက္ကလာ၊ သံသုမာလမ်းပေါ်ရှိ ပြည်သူပိုင် ဆိုင်ခန်းများကို စစ်သား၊ရဲနှင့်စည်ပင်များက မြေကော်စက်များဖြင့် အင်အားသုံး အကြမ်းဖက်ဖျက်ဆီး

Must read

တောင်ဥက္ကလာ၊ သံသုမာလမ်းပေါ်ရှိ ပြည်သူပိုင် ဆိုင်ခန်းများကို စစ်သား၊ရဲနှင့်စည်ပင်များက မြေကော်စက်များဖြင့် အင်အားသုံး အကြမ်းဖက်ဖျက်ဆီး

ရန်ကုန်၊ မတ် ၂၁

ရန်ကုန်၊ တောင်ဥက္ကလာမြို့နယ်၊ သံသုမာလမ်းပေါ်ရှိ ပြည်သူပိုင် ဆိုင်ခန်းများ ကို စည်ပင်မြေနှင့် မလွတ်ကင်း၍ ဆိုကာ စစ်သား၊ ရဲနှင့် စည်ပင်များက အင်အား သုံး ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၉ ရက်နေ့ နံနက်အစောပိုင်း တောင်ဥက္ကလာပမြို့နယ်၊ သံသုမာ လမ်း နှင့် ရတနာလမ်းထောင့် လိုင်စင်ရုံး မှတ်တိုင်အနီးရှိ ဆိုင်ခန်း ၁၆ ခန်းကို စစ်သား၊ ရဲ ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စည်ပင်တို့က လူအင်အား အများ အပြားဖြင့် ရောက်ရှိလာပြီး ဘူဒိုဇာဖြင့် ထိုးကာ ဖျက်ဆီးသွားကြကြောင်း သိရသည်။

အဆိုပါ ဆိုင်ခန်းများသည် ပြည်သူပိုင် ဆိုင်ခန်းများဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်က အာဏာသိမ်းပြီးနောက် ယင်းဆိုင်ခန်းများသည် စည်ပင်မြေဖြင့် မလွတ်ကင်းခြင်းနှင့် ရေပေးဝေမှု တိုးမြှင့်လုပ်ဆောင်မည်ဆိုသော အကြောင်း ပြချက်များဖြင့် ဖယ်ရှားခိုင်းခြင်းဖြစ်​ကြောင်း၊ ဆိုင်ခန်းပိုင်ရှင်များ သည် စည်ပင် ကို ၁ လလျှင် ၂ သိန်းနှုန်းဖြင့် လခ ပေးဆောင်ကာ ဖွင့်လှစ်နေခြင်းဖြစ်ကြောင်း သိရသည်။

” စစ်သား၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ စည်ပင်နဲ့ ရဲတွေပေါင်းပြီး လူအင်အား အများအပြားနဲ့ ဘူဒိုဇာနဲ့ကို ထိုးသွားတာ အဲ့ဒီဆိုင်ခန်းတွေက ဟိုး အရင် ကတည်း က အပိုင် အခန်းတွေပါ။ စည်ပင်က သူတို့ မြေနဲ့ မလွတ်ဘူးဆိုပြီး ပိုက်ဆံတွေ စကောက်တုန်းကလည်း ပြည်သူတွေက ပေးတာပဲ တစ်လ ၂ သိန်းဆိုပြီး တောင်းလဲပေးတာပဲ။ အဲတာကို အခု ဖျက်တော့ ပြည်သူပိုင် ဆိုင် ခန်း တွေကို ဘာနစ်နာကြေး လျော်ကြေးမပေးတဲ့ အပြင် လစာ သုံးလစာ ၆ သိန်း နဲ့ ဒဏ်​ကြေး ၆ သောင်းပါ စည်ပင်ကို ပေးလိုက်ရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်ကောင်စီက တပ်ပိုင်မြေဟုဆိုကာ ရပ်ကွက် များ ကို ဖျက်ဆီးခြင်း၊ ဆိုင်ခန်းများကို ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင် လျက် ရှိ ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article