35 C
Yangon

ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း၊ မီးလောင်ကျွန်း ရွာသစ်ကို စစ်တပ်က ပစ်ခတ် ဝင်ရောက် မီးရှို့ပြီး ပြည်သူ ၁ ဦး ပစ်သတ်ခံရကာ လူငယ် ၁ ဦး ဒဏ်ရာရ ၊ စစ် ဘေးရှောင် ပြည်သူ ၇၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းသွား

Must read

ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း၊ မီးလောင်ကျွန်း ရွာသစ်ကို စစ်တပ်က ပစ်ခတ် ဝင်ရောက် မီးရှို့ပြီး ပြည်သူ ၁ ဦး ပစ်သတ်ခံရကာ လူငယ် ၁ ဦး ဒဏ်ရာရ ၊ စစ် ဘေးရှောင် ပြည်သူ ၇၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းသွား

ရန်ကုန်၊ မတ် ၂၁

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း၊ မီးလောင်ကျွန်း ရွာသစ်ကို စစ် တပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ပြီး ပြည်သူ ၁ ဦး ပစ်သတ်ခံရကာ လူငယ် ၁ ဦး ဒဏ်ရာ ရရှိကာ ပြည်သူ ၇၀ ကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင် သွား ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို ကြသည်။

မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်း မကွေးတိုင်း၊ရေစကြိုမြို့နယ်ရေလယ်ကျွန်း၊ မီးလောင်ကျွန်းရွာသစ်ကို အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်ခတ် ဝင်ရောက် လာကြောင်း၊ စစ်ဘေးရှောင်များရှိနေသည့် ဘုန်းကြီးကျောင်းကို ဝင်ရောက်ပြီး အသက် ၅၀ အရွယ် အမျိုးသားကြီးတစ်ဦးကို စစ်တပ်က ပစ်သတ်ကြောင်း၊ ယင်း သို့ ပစ်သတ်သည့်အတွက် စစ်ဘေးရှောင် ပြည်သူများက ထွက်ပြေးကြရာ စစ်တပ် ထွက်ပြေးသူများကိုပါ လိုက်လံ ပစ်ခတ် ဖမ်းဆီးကြောင်း၊ ပစ်ခတ်မှုတွင် လူငယ်တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ထို့နောက်စစ်တပ်က ရွာကို မီးတင်ရှို့ပြီး အမျိုးသမီး ၁၆၀ ၊ အမျိုးသား ၇၀ ကျော် ကို ပေါ်တာအဖြစ် ခေါ်ဆောင် ဖမ်းဆီးမည်ဟု ပြောဆိုပြီး ထိန်းသိမ်းထား ခဲ့ကြောင်း၊ စစ်ကြောင်းထွက်ခွာသောအခါ အမျိုးသား ၇၀ ကျော်ကို ဖမ်းဆီး သွား ကြောင်း သိရှိရသည်။

“စစ်ဘေးရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းကို မနေ့ မနက်က စစ်တပ်က ပစ် ခတ်ပြီး ဝင်လာတယ်။ ယောက်ျားလေး၇၀နဲ့ မိန်းကလေး ၁၆၀ ကို စစ်ရှောင် ဘုန်းကြီးကျောင်းထဲဝင်လာပြီး ဖမ်းတယ်။ အဲဒီမှာ အသက် ၅၀ အရွယ် အမျိုး သားကို ဘာမှ အပြစ်မရှိဘဲ ပစ်သတ်တယ်။ ပစ်သတ်တော့ ကျန်တဲ့ လူတွေက ၀ရုန်းသုန်းကား ပြေးကြတာ။ အဲဒါကိုလည်း စစ်တပ်က လိုက်ပစ်တယ်။ အဲဒီမှာ ဇရပ်နီရွာကနေ စစ်ဘေးလာရှောင်နေတဲ့ အသက် ၁၆ နှစ် ကလေး ဒဏ်ရာ အပြင်းအထန်ရတယ်။ ကလေးနဲ့ မိဘတွေက ဇရပ်နီရွာကနေ မီးလောင် ကျွန်း ရွာသစ်မှာ စစ်ဘေးလာရှောင်တာ။ စစ်ကြောင်း ပြန်ထွက်တော့ လူငယ်တွေနဲ့ အမျိုးသား ၇၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းသွားတယ်။ မိန်းကလေး တွေကိုတော့ ခဏ ဖမ်းထားပြီး ပြန်လွှတ်တယ်။ ဖမ်းသွားတဲ့ သူတွေကို အစုလိုက် အပြုံလိုက် သတ်ပစ်မှာ စိုးရိမ်ရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီက မကွေးတိုင်း ၊ရေစကြိုမြို့နယ် အတွင်း တွင် စစ်ကြောင်းများခွဲ၍ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း ၊ ပြည်သူပိုင် ပစ္စည်းများကို လုယက်ခြင်းများ အရှိန်မြှင့် လုပ်ဆောင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article