32 C
Yangon

ကရင်ပြည်နယ်၊ လူသောမြို့နယ်အတွင်း စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်၍ ပြည်သူ ၁ ဦးသေဆုံးပြီးပြည်သူ ၄၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရ

Must read

ကရင်ပြည်နယ်၊ လူသောမြို့နယ်အတွင်း စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်၍ ပြည်သူ ၁ ဦးသေဆုံးပြီးပြည်သူ ၄၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊မတ် ၂၂

ကရင်ပြည်နယ်၊ KNU -ကရင်အမျိုးသားအစည်းအရုံးထိန်း ချုပ်နယ်မြေအတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး ဗဟို KNU က ထုတ်ပြန်ထား သည်။

မတ်လ ၂၀ ရက် နံနက် ၅ နာရီ ၁၅ မိနစ်ခန့်က ဖာပွန်မြို့အခြေ စိုက် အကြမ်းဖက်စစ်တပ်က လူသောမြို့နယ်၊ ဘောသေထာကျေးရွာအုပ်စုအတွင်းရှိ ထူမောဒဲ(အနောက်ဘက်ကမ်း) ကျေး ရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အသက် ၄၅ နှစ်အရွယ် စောအေဘို ဝမ်းဗိုက်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ ကြောင်း သိရသည်။

အလားတူ မတ်လ ၂၀ ရက် ည ၇ နာရီ ၂၇ မိနစ်ကလည်း ဖာပွန် အခြေစိုက် အကြမ်းဖက်စစ်တပ်မှ ထူမောဒဲရွာနှင့် အနီး အနားတစ်ဝိုက်သို့ လက်နက်ကြီး ကျည် ၉ လုံးထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် တစ်ဦးတစ်ယောက်မျှ ထိခိုက်မှုမရှိကြောင်း သိရသည်။

မတ်လ ၂၀ ရက် နံနက် ၃ နာရီ ခွဲခန့်က KNU တပ်မဟာ (၃) မူးမြို့နယ်၊ နတ်သံကွင်း တံတားထိပ်ရှိ အကြမ်းဖက်စစ်တပ်က ဥသျှစ်ကုန်းကျေးအတွင်းနှင့်အနီးတဝိုက်သို့ လက်နက်ကြီး ၈ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ရေတွင်းကုန်းကျေး ရွာအတွင်း ဝင်ရောက်တပ်စွဲထားသော အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး ၆၇ လုံးပစ်ခတ်ရာ ဥသျှစ်ကုန်းကျေးရွာအတွင်းသို့ ၁၀ လုံး၊ အုန်းပင်စုရွာအတွင်းနှင့်အနီး တစ်ဝိုက်သို့ ၅၇ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်သားများသည် ဥသျှစ်ကုန်းကျေးရွာအ တွင်းသို့ ဝင်ရောက်ခဲ့ပြီး နံနက် ၁၀ နာရီ မိနစ် ၅၀ တွင် ရေလဲကျေးရွာအတွင်းသို့ ဒရုန်းဖြင့် လက်နက်ကြီး ၆ လုံးကျဲချတိုက် ခိုက်ခဲ့ကြောင်း၊ ပြည်သူ ၂၂ ဦးကိုလည်းဖမ်းဆီးခဲ့ပြီးကြိုးနှင့်တုတ်ကာ စစ်ကြောင်းထိုးလမ်းကြောင်းတလျှေက် လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်သားများသည် ပြည်သူလူထုနေထိုင်ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လူ သားဒိုင်းအဖြစ် အသုံး ပြုခြင်း၊ အကြောင်းမဲ့ဖမ်းဆီးခြင်းတို့ လုပ်ဆောင်နေမှုကြောင့် မူးမြို့နယ် အတွင်းရှိ ကျေးရွာ ၇ ရွာမှ ပြည်သူ ၄၁၅၂ ဦးမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး မတ်လ ၂၀ ရက်နေ့က နော်သယူဖောဆိုသူ၏ ဖုန်း ၃ လုံးနှင့်ငွေကျပ် ၇ သိန်းကို အတင်းအဓမ္မသိမ်းဆည်းသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article