28 C
Yangon

မတူပီ-ပလက်ဝ လမ်းပိုင်းတွင် စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံး

Must read

မတူပီ-ပလက်ဝ လမ်းပိုင်းတွင် စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၂

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ပလက်ဝ လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁၂ ဦးသေဆုံးကြောင်း Chinland Defence Force- Matupi ထံမှ သိရသည်။

မတ်လ ၂၀ ရက်နေ့က မတူပီမြို့အခြေစိုက် ခလရ ၃၀၄ တပ်မှ ထယ်ဘွေစခန်းသို့ အင်အားနှင့် ရိက္ခာ များဖြည့်ရန် ကား ၃ စီး၊ အင်အား ၈၀ ခန့်ဖြင့် ထွက်ခွာလာသော အကြမ်းဖက် စစ်တပ်ယာဉ်ကို နံနက် ၁၀ နာရီခန့်တွင် မတူပီ-ပလက်ဝလမ်းမပေါ် ၆ မိုင်၌ တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီခန့်၌ ၇ မိုင်နှင့် ၈ မိုင် ကြားတွင်တစ်ကြိမ်၊ မတ်လ ၂၁ ရက် နံနက် ၉ နာရီခွဲခန့်၌ ၉ မိုင်နှင့် တွီရှစ်ရွာအဝင်၌ တစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၁၂ ဦးသေ ဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ မတူပီ-ဟားခါးလမ်းတွင် တပ်ချထားသော အကြမ်းဖက် စစ်တပ် ဗျူဟာစခန်းမှ လက်နက်ကြီးများဖြင့် မတူပီ-ပလက်ဝလမ်းပိုင်းရှိ ဝလီပီကျေးရွာဘက်သို့ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ကျေးရွာ အတွင်းကျရောက်ပေါက် ကွဲခဲ့သော်လည်း ပြည်သူများ အထိ အခိုက်မရှိကြောင်း Chinland Defence Force- Matupi က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article