30 C
Yangon

ကျိုက်ထိုက်၊ ဘီးလင်းနှင့် သံဖြူဇရပ်ရှိ တပ်မ ၄၄ ဌာနချုပ် အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

ကျိုက်ထိုက်၊ ဘီးလင်းနှင့် သံဖြူဇရပ်ရှိ တပ်မ ၄၄ ဌာနချုပ် အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၂

မွန်ပြည်နယ်၊ ကျိုထိုမြို့နယ်၊ တပ်မ ၄၄ ဌာနချုပ်တိုက်ခိုက်မှုနှင့် ဘီလင်းမြို့နယ်၊ သံတံတားဂိတ် တိုက် ခိုက်မှုတွင် အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင် အားစု(TPDF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

မတ်၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က ကျိုက်ထိုမြို့နယ်၊ တပ်မ ၄၄ ဌာနချုပ်ရုံးနှင့် တပ်မမှူး ၏ နေအိမ်တို့ကို KNLA၊ PDF၊ KRF နှင့် TPDF Drone ယူနစ်တို့ ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ၈ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ဗုံးသီး ၇ လုံး ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“၂ နေရာကို ၄ ကောင်သေတာပါ၊ တခြားထိခိုက်ပျက်စီးမှုတော့ မကြားသေးဘူး၊ ကျိုက်ထိုနဲ့ ဘီးလင်း ကြား သံတံတားဂိတ်ကို တိုက်ခိုက်မှု နှစ်ကြိမ်မှာက တစ်ကောင် ပွဲချင်းပြီးသေတယ်၊ ဒဏ်ရာရတဲ့သူတွေ ထဲက ဆေးရုံမှာ တစ်ကောင် ထပ်သေတယ်၊ တပ်မ ၄၄ ဌာနချုပ်ကို တိုက်ခိုက်မှုမှာလည်း ၂ ကောင် သေတယ်” ဟု သထုံ ပြည် သူ့ကာကွယ်ရေးတော်လှန်ရေးအင်အားစု(TPDF) မှ ရန်ကုန်ခေတ်သစ် သ တင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၂၀ ရက် နံနက် ၁၀ နာရီခန့်က တစ်ကြိမ်၊ ညနေ ၆ နာရီခန့်က တစ်ကြိမ် အကြမ်းဖက်စစ်သား ၁၅ ဦးခန့်ဖြင့် တပ်စွဲထားသည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့်ကျိုက်ထိုမြို့နယ်ကြားရှိ သံတံတားဂိတ် ကို KNLA ၊PDF ၊ KRF နှင့် TPDF Drone ယူနစ် ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား နှစ်ဦးသေဆုံးကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိ အခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပိန္နဲတောကျေးရွာနှင့် ရွာသာအေးကျေးရွာကြားတွင် လမ်းကင်းယူနေ နေသာအကြမ်းဖက်စစ်သားများတိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံးခဲ့ကြောင်း တောင်ညိုပြည်သူ့ပြောက် ကျားတပ်ဖွဲ့ထံမှ သိရသည်။

ယနေ့မတ်လ ၂၂ ရက် နံနက် ၈ နာရီ မိနစ် ၂၀ ခန့်က လမ်းကင်းလုံခြုံရေးယူနေသော အကြမ်းဖက်စစ် သားများကို တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား တစ်ဦး သေဆုံးပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article