ပုလဲမြို့နယ်ရှိ NUG အစိုးရ ဖွင့်လှစ်ထားသော ကျောင်းများတွင် ကျန်းမာရေး ဆိုင်ရာ ဟောပြောပွဲနှင့် သံချဆေး တိုက်ကျွေးခြင်းများ ပြုလုပ်
ရန်ကုန်၊ မတ် ၂၄
ပုလဲမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေး အစိုးရ ဖွင့်လှစ်ထားသော စာသင်ကျောင်းများတွင် ကျောင်းကျန်းမာရေး ဟောပြော ပွဲများနှင့် သံချဆေး တိုက်ကျွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတကော်မတီ၏ AVSC Medical Teamနှင့် ပုလဲ မြို့နယ် ကျန်းမာရေး CDM ဝန်ထမ်းများ ပူးပေါင်းကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိချိန်တွင် AVSC Medical Team အနေဖြင့် ဆေးဝါးလိုအပ်ချက်များ ရှိနေသောကြောင့် အလှူရှင် များအနေဖြင့်ဆေးဝါး အထောက်အပံ့များ ကူညီပေးကြရန် မေတ္တာရပ်ခံထားကြောင်း သိရှိရသည်။