35 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၂၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မတ် ၂၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၂၄ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ညောင်ဇင်ကြီးရွာမှာ စိတ်ဝေဒနာရှင် ၁ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်သွားတဲ့အပြင် ၊ ကျေးရွာအတွင်းက နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီး သွားတယ်လို့ ကျွန်းလှတက်ကြွ လှုပ်ရှား သူများ အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။

– မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့မရဲစခန်း၊ တောင်သာမြို့နယ် စစ်တပ် စစ်ဆေးရေးဂိတ် နဲ့ အ ကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက် မှုတွေအတွင်း စစ်ကောင်စီဘက်က ၄ ဦး သေသွားတယ်လို့ Myingyan District Drone Strike အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

– စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တွေက ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၆ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article