28 C
Yangon

ကြာအင်းဆိပ်ကြီးတွင် ဒဏ်ရာရ စစ်သားများ သယ်ယူရန်နှင့် ရိက္ခာပို့ စစ် ကြောင်းကို တိုက်ခိုက်မှု ဒုတပ်ရင်းမှူး အပါအဝင် ၁၀ ဦးသေဆုံး၊ လက် နက်များ သိမ်းဆည်းရမိ

Must read

ကြာအင်းဆိပ်ကြီးတွင် ဒဏ်ရာရ စစ်သားများ သယ်ယူရန်နှင့် ရိက္ခာပို့ စစ် ကြောင်းကို တိုက်ခိုက်မှု ဒုတပ်ရင်းမှူး အပါအဝင် ၁၀ ဦးသေဆုံး၊ လက် နက်များ သိမ်းဆည်းရမိ

ရန်ကုန်၊ မတ် ၂၄

ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ ကြာအင်းဆိပ်ကြီးတွင် ဒဏ်ရာရ စစ်သားများ သယ်ယူရန်နှင့် ရိက္ခာပို့ရန် လာသည့် စစ်ကြောင်းကို KNLA ၊ PDF ပူးပေါင်းတပ်များက တိုက်ခိုက်ရာ ဒုတပ်ရင်းမှူး အပါအဝင် စစ် သား ၁၀ ဦးသေဆုံးကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ကြာအင်းဆိပ််ကြီးမြို့နယ်အတွင်းရှိ ကွီလုံတိုင်စခန်းသို့ ရိက္ခာပို့ရန် နှင့်လူနာ သယ်ရန် စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်တပ်ကို မတ် ၁၆ ရက်နေ့မှ ၁၇ ရက်နေ့ အထိ တစ်ကြိမ်၊ မတ်လ ၂၁ ရက်နေ့တွင်တစ်ကြိမ် KNLA တပ် ဖွဲ့ဝင် များ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F နှင့် နဂါးနီ စစ်ကြောင်း ပူးပေါင်း အဖွဲ့ဝင်များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲနှစ်ကြိမ်အတွင်း ရန်သူဘက်မှ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် ၁၀ ဦး ခန့် ကျဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကာ M-A1 သုံးလက်၊ MA2 (စက် ကလေး) တစ်လက် စုစုပေါင်းလက်နက်လေးလက်ကို တော်လှန်ရေး ပူး ပေါင်း အဖွဲ့များမှ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးအလောင်းတွေနဲ့ လက်နက်တွေရရှိခဲ့ပါတယ်” ဟု အထူးစစ် ဆင်ရေး တပ် ဖွဲ့ – S.O.F မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆို သည်။

တိုက်ပွဲကာလအတွင်း အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့်နှစ်ကြိမ်၊ MI-35 ရဟတ်ယာဥ်ဖြင့်သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အနီးရှိ ကျေးရွာ များ သို့ထိမှန်ကာ နေအိမ်နှစ်လုံးမီးလောင်ပျက်စီးခဲ့ပြီးရွာသားတစ်ချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှလည်း အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ ခမရ ၅၆၁ နှင့် ခမရ ၄၃၂ အင်အား ၈၀ ကျော်စစ် ကြောင်း သည် တောင်ကလေးကျေးရွာ အုပ်စု ကွီလုံတိုင်ရွာသစ်အနီး ကျူး ကျော် တပ်စွဲထားပြီး အနီးရှိကျေးရွာများအား ကျွဲ/နွားများသိမ်းဆည်းခြင်း၊ ရိက္ခာနှင့်ငွေကြေးများဝင်ရောက် သိမ်းဆည်းခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများအကြမ်းဖက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

(စစ်သားများ သေဆုံးသည့် ဓာတ်ပုံများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ် https://t.me/khitthitnews/107782 တွင်သွားရောက် ကြည့်ရှုနိုင်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article