28 C
Yangon

မိုးညှင်းမြို့တွင် CDM များနှင့် နိုင်ငံရေးသမားများကို ဖမ်းဆီးနှိပ်စက်နေသည့် စစ်ဘက်ရေးရာထောက်လှမ်းရေး တပ်ဖွဲ့ဝင် လမင်းထွန်း အပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

မိုးညှင်းမြို့တွင် CDM များနှင့် နိုင်ငံရေးသမားများကို ဖမ်းဆီးနှိပ်စက်နေသည့် စစ်ဘက်ရေးရာထောက်လှမ်းရေး တပ်ဖွဲ့ဝင် လမင်းထွန်း အပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၂၇

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် CDM များနှင့် နိုင်ငံရေးသမားများကို ဖမ်းဆီး နှိပ်စက်နေသည့် စစ်ဘက်ရေးရာ ထောက်လှမ်းရေး တပ်ဖွဲ့ဝင် လမင်းထွန်း အပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွား​ကြောင်း KPDF တပ်ဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်း မိုးညှင်းမြို့ရှိ မူးယစ်ဆေးဝါး ရောင်းဝယ်နေသည့် နေရာများမှ ပိုက်ဆံကောက်ပြီး ပြန်လာသည့် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)မှ လမင်းထွန်းအပါအဝင် ၂ ဦးနှင့် စရဖအတွက် အလုပ်လုပ်နေသူ ၁ ဦး တို့ ကို မိုးညှင်းနှင့်နမ္မား အကြားရှိ ညောင်ကုန်းရွာအနီးတွင် KPDF တပ်ဖွဲ့က ပစ် ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

” ၂ ကောင်ကတော့ ပစ်ရင်းခတ်ရင်းသေသွားတယ်။ လမင်းထွန်းကတော့ ထွက် ပြေးတာကို လိုက်ပစ်ရင်းသေတယ်။ ကားပေါ်မှာပဲပစ်ခတ်မှုဖြစ်ရင်း သေသွားတဲ့ ၂ ယောက်ထဲမှာ ၁ ယောက်ကတော့ စရဖက စာရေးကြီးလို့ သိရတယ်။ နောက် ၁ ယောက်ကတော့ ကြားရတဲ့သတင်းကတော့ ရွာသစ်ကုန်းက စရဖ သတင်း ပေး လို့တော့ သိရတယ်။ ဒီကောင်တွေ ဘိန်းခန်းတွေ ပိုက်ဆံသွားကောက်ပြီး ပြန်လာတာလို့ သိရတယ်။ လမင်းထွန်း အလောင်းကို စစ်ခွေးတွေ ပြန်မရ သေး ဘူး” ဟု KPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် စရဖ လမင်းထွန်း၏ ဖုန်းကို KPDF တပ်ဖွဲ့က သိမ်းဆည်း ထား ပြီး ၎င်းနှင့် ဆက်သွယ်ထားသူ ၈ ဦးကို ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ မိုးညှင်းမြို့ အ တွင်း အပြစ်မဲ့ ပြည်သူများကို လမင်းထွန်းနှင့်အတူ ချိတ်ဆက်၍ ဒုက္ခပေး နေသူများမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကြံ့ဖွတ်ပါတီဝင် များ ပါဝင်နေကြောင်း KPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article