34 C
Yangon

ဖားကန့်တွင် ကင်းလှည့်နေသော ဒုရဲအုပ် ညီညီထက်အောင် ပစ်ခတ်ခံရပြီး သေဆုံး၊ ကားတစ်စီးနှင့် သေနတ်တစ်လက်ကို KIA ၊ PDF ပူးပေါင်းတပ်က သိမ်းဆည်း

Must read

ဖားကန့်တွင် ကင်းလှည့်နေသော ဒုရဲအုပ် ညီညီထက်အောင် ပစ်ခတ်ခံရပြီး သေဆုံး၊ ကားတစ်စီးနှင့် သေနတ်တစ်လက်ကို KIA ၊ PDF ပူးပေါင်းတပ်က သိမ်းဆည်း

ရန်ကုန်၊ မတ် ၂၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကင်းလှည့်နေသော ဒုရဲအုပ် ညီညီထက် အောင် ဦးဆောင်သော ရဲ ၃ ဦးပါ အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတ ပ်ဖွဲ့များက တိုက်ခိုက်ရာ ဒုရဲအုပ် ညီညီထက်အောင် သေဆုံးသွားကြောင်း ဒေသ သတင်း ရင်းမြစ်များထံမှ သိရှိရသည်။

မတ်လ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန် ဖားကန့်ရဲစခန်းမှ ညီညီ ထက်အောင် ဦးဆောင်သော ရဲ ၃ ဦးသည် ဖားကန့်မြို့နယ် မမုံကျေးရွာနှင့် ဆိပ်မူကျေးရွာအကြား ဖားကန့်- ဖားပြင်သွားကားလမ်းမဘေးရှိ တိုးနယား ဆီဆိုင်ရှေ့တွင် ပစ်ခတ်ခံရကြောင်း၊ ဒုရဲအုပ် ညီညီထက်အောင်မှာ ဝဲဘက် ပုခုံးကျည်ဝင်ဒဏ်ရာ ရရှိပြီး ရဲ ၃ ဦး လိုက်ပါသော Mark-II အမျိုးအစား ယာဉ် နှင့် BA-63 သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၅ တောင့်တို့ကို KIA နှင့် PDF ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသွားသော ဒုရဲအုပ် ညီညီထက် အောင်သည် မတ်လ ၂၆ ရက်နေ့ ညပိုင်းတွင် ရရှိသော ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း၊ ဒုရဲအုပ် ညီညီထက်အောင်သည် ဒုရဲအုပ် သင်တန်း အပတ်စဉ် ၇၀ မှ ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article