34 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၂၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မတ် ၂၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၂၉ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေး-ထားဝယ်ကားလမ်းမပေါ် မိုင်တိုင်အမှတ် ၄၁ အနီးမှာ အကြမ်း ဖက် စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်အတွင်း ဆော့နေတဲ့ အသက် ၆နှစ်အရွယ်ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကလိမ်အောင်မြို့ အခြေစိုက်မဟာမိတ်ပူးပေါင်းကာကွယ်ရေးအဖွဲ့ဆီကသိရပါတယ်။

-ထိုင်း-မြန်မာနယ်စပ်၊ ကရင်နီပြည်နယ်က BP 11 အကြမ်းဖက်စစ်တပ်ခြေကုပ်စခန်းကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးပြီး ၆၀ မမ လက်နက်ကြီးတစ်လက်ပါအဝင် ၆ လက်သိမ်း ဆည်းရရှိခဲ့တယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

– NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) နဲ့ SNLD (ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီ) အပါအဝင် ပါတီ ၄၀ ကို ဖျက်သိမ်းလိုက်တယ်လို့ အကြမ်းဖက်စစ်ကောင်စီလက် အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က မတ်လ ၂၈ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်း တွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article