32 C
Yangon

စစ်ကောင်စီ၏ ဝင်ငွေရလမ်းဖြတ်တောက်ရေး အမေရိကန်နှင့် ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီတို့ကို ဆက်လက်ဖိအားပေးမည်ဟုဆို

Must read

စစ်ကောင်စီ၏ ဝင်ငွေရလမ်းဖြတ်တောက်ရေး အမေရိကန်နှင့် ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီတို့ကို ဆက်လက်ဖိအားပေးမည်ဟုဆို

ရန်ကုန်၊ မတ် ၂၉

စစ်ကောင်စီ၏ ဝင်ငွေရလမ်း ဖြတ်တောက်ရေးအတွက် အမေရိကန်အစိုးရနှင့် ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီတို့ကို ဆက်လက်ဖိအားပေးလုပ်ဆောင် သွားမည်ဖြစ် ပြီး ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ သဘာ၀ ဓာတ်ငွေ့မရရှိပါက လျှပ်စစ်မီး ပြတ်တောက်မည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောဆိုလိုက် သည်။

အမေရိကန်အစိုးရကို ဖိအားပေးရခြင်းမှာ MOGE ၏ စာချုပ်စာတန်းများသည် အမေရိကန်ဒေါ်လာနှင့်ချုပ်ထားသည့်အတွက် အမေရိကန် စီးပွားရေး ပိတ်ဆို့မှု သည် အခြားသော အစိုးရများ၏ပိတ်ဆို့မှုထက် ပို၍ အရေးကြီးသည့်အတွက် အမေရိကန်အစိုးရကို ပို၍ ဖိအားပေးတောင်းဆိုရခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံ PTT ကို ဖိအားပေးရခြင်းမှာလည်း PTT မှ အကြမ်းဖက်စစ်တပ်သို့ ပေးချေနေသည့် ဒေါ်လာသန်းထောင်ချီနေသည့် ရေနံနှင့်သဘာ၀ ဓာတ်ငွေ့မှ ငွေများ ရပ်တန့်စေရန်အတွက် ဖိအားပေးတောင်းဆိုခြင်းရခြင်းဖြစ်ကြောင်း၊ NUG က PTT ၏ ရက် ၃၀ အတွင်းတုံ့ပြန်မှုပေါ်မူတည်၍ စင်ကာပူခုံသမာဓိရုံး တွင် တရားစွဲဆိုသွားမည့် ကိစ္စကို ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က ပြောကြားသည်။

ထို့ပြင် အမေရိကန် အစိုးရက စိုးရိမ်နေသည့် MOGE သို့ စီးပွားရေးပိတ်ဆို့ လိုက် ခြင်း၊ ထိုင်းနိုင်ငံပိုင် PTT ကို ဖိအားပေးခြင်းများက ထိုင်းနိုင်ငံတွင် လျှပ် စစ် ဓာတ်အားရရှိမှု အခက်အခဲ ဖြစ်ပေါ်သွားမည်ဆိုသည့် အချက်မှာလည်း မဟုတ်မှန်ကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားသူများက‌ ရှင်းပြ ကြ သည်။

“မြန်မာပြည်မှ Gas သည် ထိုင်းအစိုးရပြောနေသလို မရှိမဖြစ် မဖြစ်မနေရရမယ့် Gas မျိုး မဟုတ်ပါဘူး။ လောလောဆယ် ထိုင်းမှာရှိတဲ့ ပညာရှင်တွေရဲ့ တွက် ချက် မှုအရဆိုရင် ထိုင်းနိုင်ငံသည် သူ့နိုင်ငံရဲ့ တကယ့်ကို လျှပ်စစ်အများ ဆုံးသုံးတဲ့ အခြေအနေမှာ အခုလိုမျိုး ဧပြီ မေလလို အပူဆုံးအချိန်မှာ လျှပ်စစ် အများဆုံးသုံးတဲ့ အခြေအနေမျိုးမှာတောင် ထုတ်တဲ့ လျှပ်စစ်က ပိုနေတယ်။ ၅၀ ရာခိုင်နှုန်းလောက် ပိုနေပါတယ်။ ဥပမာ တစ်ကျပ်ဖိုးသုံးရင် တစ်ကျပ်ခွဲဖိုး လောက် လျှပ်စစ်ထုတ်ထားတယ်လို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ အဲဒီလို မျိုး တွက်ချက်မှုရှိပါတယ်။ အဲဒါက ဘာကို ပြနေလဲဆိုရင် မြန်မာနိုင်ငံရဲ့ Gas လုံးဝ မရရှိတော့ဘူး အကြောင်းကြောင်းကြောင့် ရပ်တန့်သွားတယ်ဆို ရင် တောင် မှ ထိုင်းနိုင်ငံရဲ့ လျှပ်စစ်မီးရရှိရေးကို လုံးဝ သက်ရောက်မှု မရှိပါဘူး” ဟု သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုတွင် ပါဝင်သူတစ်ဦးက သတင်းစာရှင်း လင်းပွဲတွ င် ပြောကြားသည်။

သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု အောင်မြင်စေရန်အတွက် ထိုင်းနိုင်ငံ တွင်း အင်းအားစုများနှင့် ပူးပေါင်းဆောင်ရွက်၍လည်း လုပ်ဆောင်သွား မည်ဖြစ် ပြီး ထိုင်းနိုင်ငံရောက် ပြည်သူများအနေနှင့်လည်း ထိုင်းနိုင်ငံအနှံ့ရှိ PTT ဆီဖြည့် ဆိုင်များကို အသုံးမပြုခြင်းဖြင့် ပူပေါင်းပါဝင်ကြရန်လည်း သွေးစွန်းငွေဖြတ် တောက် ရေးလှုပ်ရှားမှုလုပ်ဆောင်နေသည့် အဖွဲ့သားများက နှိုးဆော်ထားသည်။

“ကျွန်တော်တို့ ထိုင်းနိုင်ငံတွင်းမှာ ရှိနေတဲ့ ထိုင်းရောက် မြန်မာအင်အားစုတွေနဲ့ PTT ဆီဆိုင်တွေမှာ ဆီမဖြည့်ဖို့ဆိုတဲ့ အသိအပညာပေးတာမျိုး တောက် လျှောက် လည်း ကျွန်တော်တို့ ကြိုးစားထားတာရှိတယ်။ နောက်ထပ်လည်း ဆက်ပြီး တော့ အဲဒါကို လုပ်ဆောင်သွားဖို့ ရှိတယ်။ ထိုင်းနိုင်ငံတွင်းမှာရှိတဲ့ မြန်မာ့ အရေးကို လှုပ်ရှားတက်ကြွစွာဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံသား အင်အား စုတွေနဲ့လည်း ကျွန်တော်တို့နဲ့ အချိတ်အဆက်တွေ အများကြီး ရထားတာရှိ တယ်။ PTT ကုမ္ပဏီရဲ့ ဆိုင်ခွဲတစ်ခုလည်း ဖြစ်သည့် Café Amazon ဆိုင်တွေ မှာ ကော်ဖီသွား မသောက်ဖို့ သူတို့ ထိုင်းတွေ ဝင်ပြီးတော့ Campaign လုပ်တာ တွေ အသိပညာပေး ဟောပြောတာတွေ လုပ်ဖို့အတွက် မကြာခင်ကာလအ တွင်းမှာ လုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု သွေးစွန်းငွေဖြတ်တောက် ရေးလှုပ် ရှားမှုတွင် ပါဝင်သူတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထိုင်းနိုင်ငံ PTT ကုမ္ပဏီ ပြင်သစ် Total ကုမ္ပဏီ၏ ရှယ်ယာများကို လွှဲပြောင်း ရယူပြီး အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်း၍ သဘာ၀ဓာတ်ငွေ့ လုပ်ငန်းများ တွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article