29 C
Yangon

ထီးလင်းတွင် မပေါက်ကွဲဘဲ ကျန်ရှိနေသော စစ်တပ်ပိုင် ၄၀ မမ ဗုံးသီးတစ်လုံး ပေါက်ကွဲရာမှ အသက် ၂၆ နှစ်အရွယ် အမျိုးသား၁ ဦးသေဆုံး

Must read

ထီးလင်းတွင် မပေါက်ကွဲဘဲ ကျန်ရှိနေသော စစ်တပ်ပိုင် ၄၀ မမ ဗုံးသီးတစ်လုံး ပေါက်ကွဲရာမှ အသက် ၂၆ နှစ်အရွယ် အမျိုးသား၁ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၉

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကြူသာရွာနှင့်ကံသာရွာအကြားရှိ ရွှေတွင်းတူး တော ထဲ တွင် စစ်တပ်မှ ပစ် ခတ်ခဲ့သော မပေါက်ကွဲဘဲ ကျန်ရှိနေသည့် ၄၀ မမ ဗုံးသီး တစ် လုံး ထိခိုက်မိရာက ပေါက်ကွဲပြီး အသက် ၂၆ နှစ်အရွယ်အမျိုးသား တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း Yaw Revolution Army – YRA ထီးလင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂၈ ရက် ညနေ ၄ နာရီခွဲခန့်က ထီးလင်းမြို့နယ်၊ ကြူသာနှင့် ကံသာရွာ အကြားရှိ ရွှေတွင်း တူးတော၌ တောင်သူလုပ်ငန်း လုပ်ကိုင်နေသော အသက် ၂၆ နှစ်အရွယ်ရှိ ကိုကျော်လင်းသည် အကြမ်း ဖက် စစ်ကောင်စီ တပ်သားများ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့စဉ် က မပေါက်ကွဲဘဲ ကျန်ရှိနေ သော ၄၀ မမဗုံးသီးတစ်လုံးကို ထိခိုက်မိရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးကာ အနီးနားရှိပြည်သူ တစ်ဦးလည်း ပွန်းပဲ့ ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

“ပြည်သူတွေအနေနဲ့ စစ်ကောင်စီ စစ်ကြောင်းဖြတ်သန်း ဝင်ရောက်ခဲ့တဲ့ ကျေး ရွာ တွေ၊ တိုက်ပွဲဖြစ် ပွားဖူးတဲ့ နေရာတွေကို သက်ဆိုင်ရာ ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့တွေက မှ နယ်မြေရှင်းလင်းရေး ပြု လုပ်ပြီးကြောင်း မကြေငြာသေး သရွေ့ ဝင်ရောက်နေထိုင်ခြင်း မပြုလုပ်ကြဖို့ မိမိပတ်ဝန်းကျင်မှာ လက် နက်ခဲ ယမ်း အကြွင်းအကျန်တွေ တွေ့ရှိပါက သက်ဆိုင်ရာကို အမြန်ဆုံးသတင်းပို့ကြဖို့ တိုက် တွန်းချင်ပါ တယ်”ဟု ဂန့်ဂေါခရိုင်တပ်ရင်း ၁၅ ၊ ၁၆ ၊ ၁၇ (YRA ထီးလင်း) မှ ဗိုလ်ယောနိုင်က ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article