30 C
Yangon

စစ်ကောင်စီအတွက် အလုပ်လုပ်နေသော မြန်မာ့အာမခံလုပ်ငန်းမှ Non-CDM ခရိုင်တာဝန်ခံစိုးငြိမ်းကို ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် တရားစွဲ

Must read

စစ်ကောင်စီအတွက် အလုပ်လုပ်နေသော မြန်မာ့အာမခံလုပ်ငန်းမှ Non-CDM ခရိုင်တာဝန်ခံစိုးငြိမ်းကို ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် တရားစွဲ

ရန်ကုန်၊ မတ် ၂၉

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် အကြမ်းဖက်စစ်တပ် လက် အောက်ခံ မြန်မာ့အာမခံ လုပ်ငန်းမှ Non-CDM ခရိုင်တာဝန်ခံ စိုးငြိမ်းကို ဖမ်း ဆီး လိုက်ကြောင်း ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့တောင်ပိုင်းတိုင်း တာဝန် ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၂၅ ရက် ညနေ ၄ နာရီခန့်က ကလေးမြို့၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် အကြမ်း ဖက်စစ်ကောင်စီ လက်အောက်ခံ ဒေါက်တိုင် လုပ်ကိုင်နေသူတစ်ဦး ဆိုင်ကယ် ဖြင့် သွားလာနေကြောင်း တာဝန်သိပြည်သူ တစ်ဦး၏ သတင်းပေး ပို့ချက်အရ PDF တပ်ရင်း ၅ တပ်ဖွဲ့ဝင်များက အမျိုးသားတစ်ဦးမောင်းနှင်လာ သော ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ မြန်မာ့အာမခံလုပ်ငန်းမှ ခရိုင် တာဝန်ခံ အသက် ၅၈ နှစ် အရွယ် စိုးငြိမ်းဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

“သူ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)နဲ့အမှုဖွင့်ထားပါတယ်၊ ရမန် ကုန်ရင်တော့ တရားစွဲတင်မှာဖြစ်ပါတယ်၊ ကလေးမြို့ထဲမှာလည်း စစ် ခွေး တွေ ဘာမှ မလှုပ်ရှားနိုင်ပါဘူး၊ ကျနော်တို့ စစ် ကိုင်းမှာက ပြည်သူ့ အုပ် ချုပ် ရေးနယ်မြေတွေ ကျယ်လာပါပြီ” ဟု ကလေးမြို့နယ် ပြည်သူ့ ရဲတပ် ဖွဲ့တောင် ပိုင်းတိုင်း တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဖမ်းဆီးရရှိသူ စိုးငြိမ်းအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် အမျိုး သား ညီညွတ်ရေး အစိုးရ လက်အောက်ရှိ ကလေးမြို့နယ် ပြည်သူ့ရဲ တပ်ဖွဲ့ ထံသို့ သက်သေခံပစ္စည်းများနှင့်အတူ ယမန်နေ့ မတ် ၂၆ ရက် ညနေ ၃ နာရီ ခန့်အချိန် လွှဲပြောင်းပေးခဲ့ကြောင်း၊ ၎င်းကို ကလေးမြို့နယ် တရားရုံးသို့ တရား စွဲဆို တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း ကလေးမြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့က ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article