34 C
Yangon

ပုသိမ်ကြီးမြို့နယ်တွင် တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးပြီး နေအိမ်ချိတ်ပိတ်မှုများတွင် ပါဝင်ခဲ့သူ သန်းနိုင်ဦး ပစ်ခတ်ခံရပြီး သေဆုံး ၊ လောင်းလုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး

Must read

ပုသိမ်ကြီးမြို့နယ်တွင် တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးပြီး နေအိမ်ချိတ်ပိတ်မှုများတွင် ပါဝင်ခဲ့သူ သန်းနိုင်ဦး ပစ်ခတ်ခံရပြီး သေဆုံး ၊ လောင်းလုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး

ရန်ကုန်၊ မတ် ၂၉

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် တော်လှန်ရေးရဲဘော်များကို ဖမ်ဆီးရာတွင်လည်းကောင်း၊ ပြည်သူပိုင်နေအိမ်များကို စစ်တပ်က ချိတ်ပိတ်ရာတွင်လည်းကောင်း ပါဝင်ပတ်သက်ခဲ့သူ သန်းနိုင်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မန္တလေး UGF-MDY မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန် ပုသိမ်ကြီးမြို့နယ် တရားရုံးရှေ့ ၊ ရဲစခန်းနှင့် မျက်နှာချင်းဆိုင် လမ်းပေါ်တွင် ဂွေးကြီးကုန်းရပ်ကွက်မှ သန်းနိုင်ဦးကို UGF-MDY ရဲဘော်များက ပစ်ခတ်ရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း ၊ ရင်ဘတ်နှင့်လည်ပင်းတို့တွင် ကျည်ထိမှန်ပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ပြည်သူတွေ အိမ်တွေချိတ်ပိတ်ခံရအောင် သတင်းပေးတယ်။ ရေကြည်မှာ သူက ပြည်သူတွေရဲ့ နေအိမ်တွေ ချိတ်ပိတ်ခံရအောင် ပါဝင်ခဲ့တယ်။

တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးဖို့ သူလုပ်ခဲ့တယ်” ဟု UGF-MDY မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသော သန်းနိုင်ဦးနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အတည်ပြုရန် ကြိုးစား လျက်ရှိသည်။

အလားတူ မတ်လ ၂၈ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ (က) ရပ်ကွက်အုပ်ချုပ် ရေးမှုး နေလင်းဦး (ခ) ဦးဂန်ရှည်သည် ဆိုင်ကယ်ဖြင့် အပြင်ထွက်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

“သူက အရင်က မီးသတ်တပ်ဖွဲ့ဝင် အဖြစ်ကနေ အုပ်ချုပ်ရေးမှူး ဖြစ်လာတာ။ စစ်တပ်အတွက် အဓိက အလုပ်လုပ်သူပါ။ ရပ်ကွက်ထဲမှာ စစ်တပ်ကို ဆန့်ကျင်သူမရှိစေရဘူးဆိုပြီး အမြဲတမ်းပြောခဲ့သူပါ” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article