33 C
Yangon

ကိုးကန့်တွင် MNDAA နှင့် စစ်တပ်အကြားတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံး၊ ကျိုက်ထို မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၂ ဦး သေဆုံးဟုဆို

Must read

ကိုးကန့်တွင် MNDAA နှင့် စစ်တပ်အကြားတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံး၊ ကျိုက်ထို မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၂ ဦး သေဆုံးဟုဆို

ရန်ကုန်၊ မတ် ၂၉

ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် MNDAA ကိုးကန့်တပ်များအကြား တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၆ ဦးသေဆုံးကြောင်း The Kokang က တရားဝင် သတင်းထုတ်ပြန်သည်။

မတ်လ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၁၇ မိနစ်အချိန် ကိုးကန့် ၊ တုန်းစန်း ဒေသ ကျင်း မြောက် ကျေးရွာတွင် စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီ ၅၀ မိနစ် အချိန်တွင် တိုက်ပွဲ ပြီးဆုံးခဲ့ကြောင်း ၊ စစ်ကောင်စီတပ်ဘက်မှ ၆ ဦးသေဆုံး ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ နေရာသည် ချင်းရွှေဟော် -ကွမ်လုံ ကားလမ်းမ မြောက်ဘက်တွင် ဖြစ်ပြီး ကိုးကန့်ဒေသ၏ စီးပွားရေး လမ်းကြောင်း ဝန်းကျင် ဖြစ်ကြောင်း သိရှီရသည်။

ကိုးကန့်ဒေသ၏ မြို့တော် လောက်ကိုင်တွင်လည်း တိုက်ပွဲများဖြစ်ပွားနေပြီး မကြာမီ တိုက်ပွဲကြီးများ ဖြစ်ပွားလာမည့်အခြေအနေရှိကြောင်း သိရှိရသည်။

မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA)က ကိုးကန့်ဒေသကို ပြန်လည် ထိန်းချုပ် သိမ်းပိုက်နိုင်ရေး တအောင်း TNLA နှင့် ရခိုင့်တပ်တော် AA တို့က ကူညီမည်ဟု လွန်ခဲ့သော လများအတွင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေး ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစုထံမှ သိရသည်။

မတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မုပ္ပလင်လမ်းဆုံရှိ အကြမ်း ဖက် စစ်တပ် စစ်ဆေးရေး ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဘန်ကာပေါ်သို့ ဗုံးသီးကျရောက် ပေါက်ကွဲခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထို တော်လှန်ရေး အင်အားစု (KRF)၊ KNU/KNLA တပ်မဟာ ၁ ၊ PDF ၊ PPDF-KD တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article