36 C
Yangon

မင်းတပ်၊ ပန်းပါရွာကို စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ၆ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

Must read

မင်းတပ်၊ ပန်းပါရွာကို စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ၆ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၇

ချင်းပြည်နယ်၊ မင်းတပ်၊ ပန်းပါရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ၆ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် အသက် ၄ နှစ်အရွယ် ကလေး ငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံးကြောင်း CDF -Mindat မှ တာဝန် ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီ ၁၆ ရက်နေ့ ညနေ ၃ နာရီမှ ညနေ ၄ နာရီအချိန် အထိ အကြမ်းဖက် စစ် တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် မင်းတပ်မြို့နယ်၊ ပန်းပါကျေးရွာကို ၆ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အသက် ၄ နှစ်အရွယ်ကလေးငယ် ၁ ဦး၊ အသက် ၇၀ အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီး ၁ ဦးသေဆုံး ခဲ့ကြောင်း သိရသည်။

” စစ်ကောင်စီ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အသက် ၄ နှစ်အရွယ် ကလေး ၁ ဦး နဲ့ အသက် ၇၀ အရွယ်အမျိုးသမီး ၁ ဦးကတော့ ပွဲချင်းပြီးသေဆုံးတယ်။ အခုထပ် သိရတာက အသက် ၁၇ နှစ်အရွယ် အမျိုးသမီးလည်း ဆေးကုသမှု ခံယူနေ တုန်း ဆုံးသွားတယ်လို့ သိရတယ်” ဟု CDF -Mindat မှ တာဝန်ရှိသူ က ဆက် ပြောသည်။

အကြမ်းဖက် စစ်တပ် ဗုံးကျဲတိုက်ခိုက်မှုအတွင်း စာသင်ကျောင်းနှင့် ပြည်သူပိုင် နေအိမ် ၁၀ လုံး မီးလောင်ပြာကျခဲ့ကြောင်း ၊ ထို့ပြင် မင်းတပ်မြို့ ခလရ ၂၇၄ မှ အကြမ်းဖက် စစ်တပ်ကလည်း လက်နက် ကြီးများဖြင့် ပန်းပါကျေးရွာဘက်ကို ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိကြောင်း Chin Defense Force-Mindat မှ တာဝန်ရှိသူကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article