36 C
Yangon

မြိုင်မြို့နယ် ၊ မကျီးကန်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဆေးကုသခံယူနေသည့် သူ လူငယ်တချို့ကို ပစ်သတ် ၊ ပြည်သူ ၃၀ ကျော်ကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထား

Must read

မြိုင်မြို့နယ် ၊ မကျီးကန်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဆေးကုသခံယူနေသည့် သူ လူငယ်တချို့ကို ပစ်သတ် ၊ ပြည်သူ ၃၀ ကျော်ကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထား

ရန်ကုန်၊ ဧပြီ ၁၉

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကျီးကန်ကျေးရွာကို စစ်တပ်က ဧပြီလ ၁၈ ရက်နေ့ တွင် ဝင်ရောက်စီးနင်းပြီး ဆေးကုသမှု ခံယူနေသည့် လူငယ် ၁၀ ဦးထက်မနည်း ကို သတ်ဖြတ်ကာ ပြည်သူ ၃၀ ကျော်ကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီး ထား ကြောင်း ပြည်သူ့ကာကွယ်ရေးသတင်းရင်း မြစ်က ပြောသည်။

ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်အချိန် အကြမ်းဖက် စစ်တပ်က မြိုင်မြို့နယ်၊ မကျီးကန်ရွာကို Mi 35 ရဟတ်ယာဥ် ၁ စီးဖြင့် ပစ်ခတ်ကာ Mi 17 ရဟတ်ယာဥ် ၂ စီးဖြင့် စစ်သားများ ချထားကာ ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ ရွာဆေးရုံရှိ လူနာများနှင့် သက်ကြီးရွယ်အိုများကို ဓားစာခံ အဖြစ် ဖမ်းဆီးထားပြီး ထွက်ပြေးကြသည့် ဆေးဝါးကုသမှု ခံယူနေသည့် လူငယ် ၁၀ ဦးထက်မနည်း ပစ်သတ်ခံရကြောင်း ပြည်သူ့ကာကွယ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

” မကျီးကန် ဆေးရုံကို စစ်တပ်က ဝင်စီးတဲ့အချိန်မှာ မပြေးနိုင်ဘဲ ဆေး ကုနေ တဲ့ ခြေပြတ်လက်ပြတ် လူငယ်လေးတွေကိုပစ်သတ်လိုက်ပြီ။ စုစုပေါင်း ၁၀ ဦးဝန်းကျင် ခန့်မှန်းရှိနိုင်ပါတယ်။ စစ်တပ်က လေကြောင်းနဲ့ မြိုင်နယ် မကျည်း ကန် ဆေးရုံနဲ့ ရွာကို လေ‌ကြောင်းနဲ့ တိုက်ခိုက်၊ပြီးတော့ လေယာဉ်ပေါ်က ဆင်း ပြီး တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်တယ်။ အဲဒါ ဆေးရုံမှာ ဆေးကုသမှုခံ ယူ နေ တဲ့ လူငယ်တွေလည်း ကြောက်လန့် တကြားထွက်ပြေးတော့ ဝေးဝေး မပြေးနိုင်သူတွေ ပစ်သတ်ခံရတယ်။ ဆေးဝါးကုသမှု ခံယူနေတဲ့ လူနာတွေနဲ့ လူနာစောင့်တွေလည်း ပစ်သတ်ခံရမှုမှာ ပါနိုင်တယ်။ လက်ရှိအချိန်အထိ မကျီး ကန် မှာ ခွေးတွေက ဆက်ရှိနေတယ်” ဟု ပြည်သူ့ကာကွယ်ရေး သတင်း ရင်းမြစ်က ဆိုသည်။

ထို့ပြင် မကျီးကန်ဆေးရုံနှင့် မကျီးကန်ကျေးရွာအတွင်းမှ ပြည်သူ ၃၀ ဦးကို လည်း စစ်တပ်က ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက် မေးမြန်းလျက်ရှိကြောင်း ဒေသပြည်သူတချို့ကဆိုသည်။

“အဖမ်းခံထားရသူတွေ ၃၀ လောက်ရှိမယ်။ အဲဒါတွေကိုလည်း တစ်နေရာတည်း မှာ စုပြီး ညှဉ်းပန်းနှိပ်စက်နေတယ်လို့ သတင်းရပါတယ်။ခွေးတွေ မထွက်သေး တော့ အခြေအနေအသေးစိတ်မပြောနိုင်ဘူး။ အခြေအနေက စိုးရိမ်စရာပါပဲ” ဟု ပြည်သူ့ကာကွယ်ရေး သတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်မူ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၂၀ ဦးတို့ ကို PDF နှင့် ဆက်စပ်နိုင်သည်ဟုဆိုကာ ဖမ်းဆီး ထိန်းသိမ်း ခေါ်ဆောင်သွား သည်ဟု သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ခုကို စစ်တပ်က မီးရှို့ဖျက်ဆီးစဉ်။ (ပုံအဟောင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article