35 C
Yangon

ဒီပဲယင်း၊ မဲသည်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၆ လုံး ပြာကျ

Must read

ဒီပဲယင်း၊ မဲသည်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၆ လုံး ပြာကျ

ရန်ကုန်၊ ဧပြီ ၅

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မဲသည်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၂ ရက်နေ့တွင် ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးခဲ့ပြီး နေအိမ် ၆ လုံး မီးလောင်ဆုံးရှုံးခဲ့​ကြောင်း ဒေသ ပြည်သူများက ပြောဆိုသည်။

စစ်တပ် စစ်​ကြောင်းသည် ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှ တစ်ဆင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံများ ထောင်နှင့် ချီထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ ထို့ပြင် မန်ကျီးအုပ်ရွာရှိ ဒေသခံတစ်ဦးကိုလည်း ဖမ်းဆီးနှိပ်စက်ခဲ့ပြီး လက်ရှိအချိန်တွင် ထွက်ပြေးလွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

“လက်ရှိပြန်လွတ်လာသူကတော့ မန်ကျီးအုပ် ရွာက အသက်၃၀ အရွယ် ပြည်သူတစ်ဦးဖြစ်ပါတယ်။ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ရာတွေနဲ့ ဆေးကုသမှုခံယူနေပြီး ဘယ်ဘက်နားရွက် ပြတ်ထွက်ဒဏ်ရာရရှိကာ မျက်နှာမှာလည်း ဒဏ်ရာများ ရရှိထားပါတယ်။ အသားကို မွန်းပြီး ခေါင်းဖြတ်သတ်မယ်လို့ ခြိမ်းခြောက်ခံရပြီးနောက်မှာ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်” ဟု ဒီပဲယင်းမြို့နယ်ညီနောင်များ အဖွဲ့မှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article