36 C
Yangon

Breaking News- မင်္ဂလာဒုံလေတပ်အနီးတွင် ရှော့တိုက်ဒုံး ၅ လုံးထက်မနည်း ပစ်ခတ် သံကြားရပြီး စက်သေနတ်ပစ်သံများပါ ပေါ်ထွက်နေ၊ မင်္ဂလာဒုံ လေ တပ် ကို ပစ်ခတ်မှု ဟုဆို

Must read

Breaking News- မင်္ဂလာဒုံလေတပ်အနီးတွင် ရှော့တိုက်ဒုံး ၅ လုံးထက်မနည်း ပစ်ခတ် သံကြားရပြီး စက်သေနတ်ပစ်သံများပါ ပေါ်ထွက်နေ၊ မင်္ဂလာဒုံ လေ တပ် ကို ပစ်ခတ်မှု ဟုဆို

ရန်ကုန်၊ ဧပြီ ၆

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံလေတပ်အနီးတွင် ရှော့တိုက်ဒုံး ၅ လုံးထက်မနည်း ပစ် တ်သံများကြားရပြီး စက်သေနတ်ပစ်ခတ်သံများ ပါ ပေါ်ထွက်နေကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဧပြီလ ၆ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်မှစတင်၍ ရှော့တိုက်ဒုံး ပစ်ခတ်သံနှင့် ပေါက်ကွဲသံများ ကြားရပြီး ည ၉ နာရီ ၃၀ မိနစ်အချိန်အထိ ရှော့တိုက်ဒုံး ၅ လုံး ပေါက်ကွဲသံကြားရကြောင်း၊ ယင်းနောက် စက်သေနတ်ပစ်ခတ်သံများပါ ထွက်ပေါ်လာကြောင်း သိရှိရသည်။

” ပေါက်ကွဲသံတွေက မိုးခြိမ်းသံလိုပဲ အကျယ်ကြီး ကြားရတယ်။ ဆက်တိုက် ၁ လုံးပြီး ၁ လုံးပေါက်တာ။ ၅ လုံးဆက်တိုက်ပဲ။ ဘယ်ကို ပစ်တာလဲမသိဘူး။ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ မင်္ဂလာဒုံလေတပ်အကုန်ကြားနေရတယ်။ ဖြစ်နိုင်တာက မင်္ဂလာဒုံလေတပ်ကို ရှော့တိုက်ဒုံးနဲ့ပစ်တာဖြစ်နိုင်တယ်။ အခု စက်သေနတ်ပစ်ခတ်သံတွေပါ ကြားနေရတယ်။ ပေါက်ကွဲသံတွေက လေတပ်နားမှာချည်းပဲ” ဟု ဒေသပြည်သူတစ်ဦး က ပြောဆိုသည်။

ပေါက်ကွဲသံများ ထွက်ပေါ်နေချိန်တွင် ရန်ကုန်မြို့တစ်ဝန်း မီးများ ပြတ်နေပြီး မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်းမှ ပြည်သူများလည်း ပေါက်ကွဲသံကို သေချာစွာ ကြားရသည်ဟု သိရှိရသည်။

“စက်သေနတ်နဲ့ ပစ်ခတ်သံက အချက် ၅၀ လောက်ကြားနေရတယ်။ မီးတွေက လည်း မှောင်နေတော့ ဘယ်နေရာမှာ ဘယ်လိုတွေဖြစ်နေကြလဲတော့ မသိရ ဘူး” ဟု မင်္ဂလာဒုံလေယာဉ်ကွင်းအနီး နေထိုင်သူ ပြည်သူတစ်ဦးက ရှင်းပြသည်။

ဓာတ်ပုံ- တော်လှန်ရေးတပ်ဖွဲ့များ၏ ရှော့တိုက်ဒုံး ပစ်ခတ်မှု မြင်ကွင်းတစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article