29 C
Yangon

မင်္ဂလာဒုံလေတပ်နှင့် ဆီသိုလှောင်ကန်များကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် ၊ မင်္ဂလာဒုံ လေဆိပ်ရဲစခန်းကိုလည်း ဝင်ရောက်တိုက်ခိုက်

Must read

မင်္ဂလာဒုံလေတပ်နှင့် ဆီသိုလှောင်ကန်များကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် ၊ မင်္ဂလာဒုံ လေဆိပ်ရဲစခန်းကိုလည်း ဝင်ရောက်တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၇

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံလေတပ်နှင့် ဆီသိုလှောင်ကန်းများကို ရှော့တိုက်ဒုံးများဖြင့် ဧပြီလ ၆ ရက်နေ့ ည ၉ နာရီ ဝန်းကျင်တွင် ပစ်ခတ်ခဲ့ရာ ဆီသို လှောင်ကန် ထိမှန်ခဲ့ပြီး များလောင်ကျွမ်းခဲ့ကြောင်း တော်လှန်ရေး အဖွဲ့ နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

ဧပြီလ ၆ ရက်နေ့ ည ၉ နာရီကျော်အချိန်မှစတင်၍ မင်္ဂလာဒုံလေတပ်ဝန်းနှင့် လေယာဉ်ဆီများသိုလှောင်ထားရှိရာ ဆီသိုလှောင်ကန်များကို ရန်ကုန်မြို့ပြ ပျောက် ကြား အထူးစစ်ဆင်ရေးအနေဖြင့် ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး မင်္ဂလာဒုံလေတပ် ၅၀၂ ဝန်း၊ လေယာဉ်ဆီသိုလှောင်ကန်များနှင့် လေကြောင်းရုံးချုပ်များကို ထိမှန်ခဲ့ပြီး မီးလောင်ပျက်စီးမှုနှင့် ထိခိုက်မှု များပြား ကြောင်း သိရှိရသည်။

ထို့ပြင် မင်္ဂလာဒုံလေဆိပ်ရဲကင်းကို လက်နက်ငယ်ဖြင့် ဝင်ရောက်ပစ် ခတ် တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှု အခြေအနေ အသေးစိတ်ကိုမူ စုံစမ်းနေဆဲဖြစ်သည်။

ရန်ကုန်မြို့ပြပျောက်ကြားအထူးစစ်ဆင်ရေးများအနေဖြင့် ရန်သူ​အကြမ်းဖက် စစ်ကောင်စီ၏ အဓိကစစ်ရေးထောက်တိုင်ဖြစ်သည့် လေကြောင်းနှင့်သက်ဆိုင် သည့် ပစ်မှတ်များကို အဓိကထား တိုက်ခိုက်နေခြင်းဖြစ်ပြီး ယခုပစ်မှတ်မှာ မင်္ဂလာ ဒုံ လေတပ်စခန်းနှင့် ဆီသိုလှောင်ကန်များ ဖြစ်သည့်အတွက် အရပ် ဘက်လေဆိပ်အဆောက်အအုံများနှင့် ပြည်သူများ ထိခိုက်မှုမရှိစေရန် အထူးဂရုပြုဆောင်ရွက်ခဲ့ကြောင်းလည်း သိရှိရသည်။

“ပေါက်ကွဲသံတွေ ဆက်တိုက်ပေါ်ထွက်ပြီးတဲ့နောက် အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆောက်အအုံကို ပိတ်ချပစ်လိုက်တယ်။ ဘယ်သူမှ ဝင်ထွက် ခွင့် မပေးဘဲ ပိတ်ချလိုက်တာ။ အထဲမှာ ရှိတဲ့လူတွေကိုလည်း စစ်တယ်။ လေဆိပ် အဆောက်အအုံထဲမှာက ရဲတွေချည်းပဲ။ အပြင်မှာက စစ်တပ်တွေ။ မီးလောင် တာတွေလည်းဖြစ်တယ်။ မီးသတ်ကားတွေလည်းလာသလို လူနာ တင်ကား တွေလည်း လာတာတွေ့ရတယ်” ဟု လေဆိပ်တွင် ညဆိုင်း တာဝန်ကျသည့် ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ဧပြီလ ၆ ရက်နေ့ ညပိုင်း မင်္ဂလာဒုံလေတပ်ဝင်းအတွင်း မီးလောင် နေစဉ်။

Photo- CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article