36 C
Yangon

မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးကို ရက်ပေါင်း ၁၅ ရက်တိတိ အများ ပြည်သူ ဖြတ်သန်း သွား လာခွင့် ပိတ်ပင်ကြောင်း တပ်ရင်းမှူးများနှင့် စစ် ကြောင်း ၁၀ ခု က တရားဝင် အမိန့် ထုတ်ပြန်

Must read

မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးကို ရက်ပေါင်း ၁၅ ရက်တိတိ အများ ပြည်သူ ဖြတ်သန်း သွား လာခွင့် ပိတ်ပင်ကြောင်း တပ်ရင်းမှူးများနှင့် စစ် ကြောင်း ၁၀ ခု က တရားဝင် အမိန့် ထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၇

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အတွင်းရှိနေသော ကော့ကရိတ်-မြ၀တီ လမ်းမကြီးကို ဧပြီလ ၇ ရက်နေ့မှစတင်၍ ဧပြီလ ၂၁ ရက် နေ့အထိ ပိတ်ပင်ကြောင်း တပ်ရင်းမှူးများ၊ ဗျူဟာမှူးများနှင့် စစ်ကြောင်းမှူး ၁၀ ဦးတို့က တရားဝင် လက်မှတ်ရေးထိုး၍ အမိန့် တစ်ရပ် ထုတ်ပြန်သည်။

မတ်လ ၂၅ ရက်နေ့မှစတင်၍ ကော့ကရိတ်မြို့နယ်နှင့် မြ၀တီမြို့နယ် အာရှ လမ်းမကြီး တလျှောက် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း၊ စစ်ကောင်စီသည် တိုက်ပွဲများတွင် အထိနာနေသည့်အပြင် မြ၀တီ-ကော့ကရိတ် အာရှလမ်းမ ကြီးမှတစ်ဆင့် အရပ်သားပြည်သူများ၏ ကားများကို အသုံးပြုပြီး လူအင်အား၊ လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများ ပို့ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ထို့ကြောင့် အရပ်သား ပြည်သူလူထုအနေဖြင့် မြ၀တီ-ကော့ကရိတ် အာရှ လမ်းမ ကြီးကို ဧပြီလ ၇ ရက်နေ့မှ ဧပြီလ ၂၁ ရက်နေ့ အထိ ၁၅ ရက်တိတိ ဖြတ်သန်း သွားလာခြင်းများ လုံး၀(လုံး၀) မပြုလုပ်ကြရန် မြေပြင် စစ်ကြောင်း များ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ အမိန့်ကို ပူးတွဲထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

အမိန့်ထုတ်ပြန်သည့် စစ်ကြောင်းများတွင် ကော်ဘရာ စစ်ကြောင်း၊ နဂါးဖြူ စစ်ကြောင်း၊ Lion Battalion စစ်ကြောင်း၊ KNU/KNLA(PC) တပ်ရင်းမှူး၊ KNU/KNLA (PC) ဗျူဟာမှူး၊ ကျားသစ်နက်စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ဂဋ္ဌုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း ၊ ဒုစစ်ဒေသမှူး ၂ စစ်ဒေသခွဲ အမှတ် ၃ တောင်ပိုင်းစစ်ဒေသတို့ ပါဝင် လက်မှတ်ရေးထိုးထားကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article