29 C
Yangon

ကော့ကရိတ်၊ ကျုံဒိုးမြို့ပေါ်ကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်မှု ပေါ်တော်မူ စေတီပါ ကျည်ထိမှန်ပြီး နေအိမ် ၄ လုံး ပြာကျ

Must read

ကော့ကရိတ်၊ ကျုံဒိုးမြို့ပေါ်ကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်မှု ပေါ်တော်မူ စေတီပါ ကျည်ထိမှန်ပြီး နေအိမ် ၄ လုံး ပြာကျ

ရန်ကုန်၊ ဧပြီ ၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ရာ ပေါ်တော်မူ စေတီပါ ကျည်ထိမှန်ပြီး နေအိမ် ၄ လုံး ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဧပြီလ ၆ ရက်နေ့ ညပိုင်းတွင် ကျုံဒိုးမြို့ပေါ် ကရင်စုမြောက်ပိုင်းကို အကြမ်းဖက် စစ်တပ်၏ ၅၄၅ တပ်ရင်းကက လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်​ခဲ့သော​ကြောင့် ပေါ်တော်မူ စေတီပါ ကျည်ထိမှန်ပြီး နေအိမ် ၄ လုံး မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေက တိုက်ပွဲ မဖြစ်ဘဲ လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာ ၅၄၅ တပ်ရင်းက ပစ်တာ နေအိမ် ၄ လုံး မီးလောင် ပြာကျပြီး ပေါ်တော်မူ စေတီပါ ကျည်ထိမှန် ပျက်စီးတာတွေရှိတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။

ကျုံဒိုးမြို့တွင် အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းဝန်း တိုက်ခိုက်ခဲ့သော​ကြောင့် စစ်ကောင်စီတပ်များက တပ်ထဲမှ အပြင်မထွက်ရဲတော့ဘဲ လက်နက်ကြီးများဖြင့် နေရာစုံ ရမ်းသမ်း ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article