35 C
Yangon

ပဲခူးတိုင်းတွင် ကုလသမဂ္ဂအမှတ်တံဆိပ်များတပ်၍ စစ်တပ်က ရိက္ခာ သယ်ယူ ပို့ဆောင်မှုများ လုပ်ဆောင်နေဟု ဒေသပြည်သူများပြောဆို

Must read

ပဲခူးတိုင်းတွင် ကုလသမဂ္ဂအမှတ်တံဆိပ်များတပ်၍ စစ်တပ်က ရိက္ခာ သယ်ယူ ပို့ဆောင်မှုများ လုပ်ဆောင်နေဟု ဒေသပြည်သူများပြောဆို

ရန်ကုန်၊ ဧပြီ ၉

အကြမ်းဖက်စစ်ကောင်စီက ကုလသမဂ္ဂအမှတ်တံဆိပ်များတပ်၍ စစ်တပ် အတွက် ရိက္ခာ သယ်ယူမှုများ တွေ့မြင်နေရကြောင်း တောင်ငူမြို့မှ ပြည်သူ တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဧပြီလ ၄ ရက်နေ့က တောင်ငူမြို့နယ်အတွင်းသို့ WFP အမှတ်တံဆိပ်ဖြင့် ရိက္ခာ ကားအများအပြား ဖြတ်သန်းသွားပြီး စစ်မက်ဖြစ်ပွားရာ ပဲခူးတိုင်း အတွင်းသို့ ဦးတည်သွားကြောင်း၊ ယင်းကားများသည် စစ်ဘေးရှောင်ပြည်သူများထံသို့ ဦးတည်သွားခြင်းမဟုတ်ဘဲ ယခုနောက်ဆုံး စုံစမ်းချက်များအရ စစ်တပ်အတွက် ရိက္ခာများ ပေးပို့ သည်ဟု သိရှိရကြောင်း ဒေသပြည်သူများက ဆိုကြသည်။

“တောင်ငူဘက်ကနေ မန္တလေးလမ်းဘက်အတိုင်းကို ဦးတည်သွားခဲ့တာ မြင်ရတယ်။ ဒါပေမယ့် သေသေ ချာချာ စုံစမ်းကြည့်တော့ ပဲခူးရှေ့တန်း တပ်တွေ အတွက် ရိက္ခာသယ်တာလို့ သိရတယ်။ ဘယ်စစ်ဘေးရှောင် တွေဆီ မှလည်း သွားတာမဟုတ်ဘူးတဲ့။ တပ်ဘက်က လူတွေကိုမေးတော့ သူတို့ ရိက္ခာကားတန်းလို့ ပြောတယ်။ အဲဒီလိုကြီး WFP တံဆိပ်တပ်ပြီး ရိက္ခာ သယ်တာ မကြာခဏ ရှိတယ်လို့ ပြော တယ်။ မိုင်းဆွဲခံရမှာနဲ့ ကြားဖြတ် အတိုက်ခံရမှာ ကြောက်လို့ အဲဒီလိုသယ်တယ် ပြော ပါတယ်” ဟု ရိက္ခာ ကားတန်းအကြောင်း စုံစမ်းသိရှိထားသူ ဒေသပြည်သူ တစ်ဦးက ဆိုသည်။

WFP အမှတ်တံဆိပ်ကားများသည် ပဲခူးတိုင်းအတွင်းရှိ စစ်ဘေးရှောင်များထံသို့ အကူအညီပေးပို့လာသည်ဟု မကြားသိရကြောင်း ကူညီရေးအဖွဲ့တချို့က အ တည် ပြုခဲ့ရာ WFP တံဆိပ်ကားများသည် စစ်တပ်ရိက္ခာအတွက် တင်ပို့နေ သည်ဆိုသော ဒေသပြည်သူများ၏ ပြောဆိုချက်များကို ပိုမို၍ ခိုင်မာစေသည့် အခြေအနေများ ဖြစ်ထွန်းလာကြောင်း ဒေသအဖွဲ့အစည်း တချို့ကလည်း ဆိုသည်။

တောင်ငူဘက်တွင် ဧပြီလ ၄ ရက်နေ့ WFP တံဆိပ်ကားများဖြင့်ရိက္ခာ သယ်ယူ ခြင်း ရှိ၊ မရှိ၊ မည်သည့်အတွက် ရိက္ခာများ သယ်ယူခဲ့သည် စသည့် မေးခွန်းများ ကို ရန်ကုန်ခေတ်သစ်အနေဖြင့် ရန်ကုန်ရှိ WFP ရုံးသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားနေဆဲဖြစ်သည်။

ဓာတ်ပုံ- ဧပြီလ ၄ ရက်နေ့ တောင်ငူမြို့သို့ ဖြတ်သန်းသွားသည့် WFP တံဆိပ် တပ် ရိက္ခာသယ်ယူသည့်ကားများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article