30 C
Yangon

သင်္ကြန်ကာလ စစ်တပ်က အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ပြီး တော်လှန် ရေး အင်အားစုများအပေါ် အပြစ်ပုံချ အထင်လွဲမှားစေရန် ဖန်တီးလာနိုင်သဖြင့် သတိထားကြရန် NUG သမ္မတ သတိပေး

Must read

သင်္ကြန်ကာလ စစ်တပ်က အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ပြီး တော်လှန် ရေး အင်အားစုများအပေါ် အပြစ်ပုံချ အထင်လွဲမှားစေရန် ဖန်တီးလာနိုင်သဖြင့် သတိထားကြရန် NUG သမ္မတ သတိပေး

ရန်ကုန်၊ ဧပြီ ၁၁

သင်္ကြန်ကာလအတွင်း အကြမ်းဖက်စစ်တပ်က အကြမ်းဖက်လုပ်ရပ်များလုပ်ပြီး PDF များနှင့် တော်လှန်ရေးအင်အားစုများကို အထင်အမြင်လွဲမှားစေနိုင်သော ယုတ်မာကောက်ကျစ်သော လုပ်ရပ်များ ဖန်တီးလာနိုင်သည့်အတွက် သတိ ကြီး ကြီးထားရမည်ဖြစ်ကြောင်း NUG သမ္မတဒူဝါလရှီးလက ပြော ကြားသည်။

ယနေ့ ဧပြီလ ၁၁ ရက် နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့သော အစိုးရ အဖွဲ့ ၁၄ ကြိမ် မြောက် အစည်းအ ဝေးအဖွင့်မိန့်ခွန်းတွင် အထက်ပါ အတိုင်း ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အကြမ်းဖက်စစ်တပ်ဟာ ဒီလို အခါကြီး၊ ရက်ကြီး အချိန်မျိုးတွေမှာ အကြမ်း ဖက် လုပ်ရပ်တွေကို အချိန် ကိုက် လုပ်ဆောင်ပြီး၊ တောင်လှန်ရေး အင်အားစု တွေကို အထင်အမြင်လွဲမှားစေနိုင်တဲ့ လုပ်ရပ်တွေကို ယုတ်မာကောက်ကျစ်စွာ ဖန်တီးနိုင်တာကြောင့် သတိကြီးကြီးထားကြဖို့လိုပါတယ်။ အတင်းအကျပ် လု ယူထားတဲ့ အာဏာကို မထိန်းသိမ်းနိုင်တဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ သူ့ရဲ့ အရှုံးကို တုံ့ပြန်ဖို့ အ တွက် နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတဲ့ထဲမှာ အဆိုး ဆုံးက တော့ ပြည်သူနဲ့ ပြည်သူ့ဘက်တော်သား တွေ ကြားမှာ အထင် အမြင် လွဲမှား မှုတွေရအောင် လုပ်ဆောင်နေတာပါပဲ။ “ ဟု ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်တပ်မှ ဘာသာရေး၊ လူမျိုးရေးအရ သွေးခွဲသပ်လျှိုမှုများ၊ ဖိနှိပ်မှု များကို သိသိသာသာ တိုးပြီး လုပ်ဆောင်လာ ကြောင်း၊ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တဝိုက်ရှိ ဘု ရားကျောင်းအချို့ကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု၊ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်- KBC ၏ သိက္ခာတော်ရ ဆရာ ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို အီစတာပွဲတော်ရက် မတိုင် ခင် ဥပုသ်ရက် Good Friday ၌ ထောင်ဒဏ် ၆ နှစ် ချလိုက်ခြင်းသည် ဘာသာ ရေးအရ ဖိနှိပ်မှု သက်သက်ဖြစ်သည်ကို အထင် အရှားဖြစ်ကြောင်း သမ္မတဒူဝါလ ရှီးလက ထောက်ပြထားသည်။

ပြည်သူလူထုအနေဖြင့် စစ်တပ်၏ ရက်စက်ယုတ်မာမှုများကို ကောင်းကောင်း ခံစား သိထားခဲ့ရပြီး သဖြင့် အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ပြည်သူများက လိုအပ်ချက်ကြောင့် မွေး ထုတ်ထားသဖြင့် သွေးခွဲဖို့ကြိုးနေသည့် စစ်ကောင်စီသည် ပြည်သူကို အထင် သေးခြင်းပဲဖြစ်ကြောင်း၊ ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများကို တားဆီးနိုင်ရန်နှင့် တော် လှန်ရေးအဆုံးသတ်နိုင်ရန် နိုင်ငံတကာ၏ အကာ အကွယ် ရရန် အရေးတကြီးလိုအပ်နေပြီး နိုင်ငံတကာ ဥပဒေနှင့်အညီ အရေးယူ နိုင်ရန် သက်သေ အထောက်အထားများရရန် အရေးကြီးကြောင်း၊ အကြမ်း ဖက်စစ်ခေါင်းဆောင်နှင့်နောက်လိုက်အပေါင်းပါများကို အကြမ်းဖက်အဖွဲ့များ အဖြစ် ထိထိရောက် ရောက်စွဲချက်တင် အရေးယူနိုင်ရေး ကိစ္စရပ်များကိုလည်း စနစ်တကျဆွေးနွေး အဖြေရှာရန် ယာယီ သမ္မတ ဒူဝါလရှီးလက ဆက်လက် ပြောကြားသည်။

ဓာတ်ပုံ- ဗဟန်းနှင့် စမ်းချောင်းမြို့နယ်ရှိ သင်္ကြန်ရေကစား မဏ္ဍပ်တစ်ခု။

Photo- CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article