32 C
Yangon

မြင်းမူ၊ ထီးဆောင်းလမ်းဆုံ၌ တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံး

Must read

မြင်းမူ၊ ထီးဆောင်းလမ်းဆုံ၌ တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၅

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာလမ်းဆုံ၌ တပ်စွဲထားသော စစ်တပ်စစ်ကြောင်းကို PDF များက ၂ ကြိမ်တိုင် တိုက်ခိုက်ရာ စစ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်းမှူး ကိုသက် ကြီးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ပြောကြားသည်။

ယနေ့ ဧပြီလ ၁၅ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်အချိန် ပထမအကြိမ် အဖြစ် ၈၀ မမ ဗုံးသီးတစ်လုံးဖြင့်လည်း ကောင်း၊ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က ဒုတိယအကြိမ်အဖြစ် ၄၀ မမ ဗုံးသီး ၂ လုံး၊ ၈၀ မမ ဗုံး သီး တစ်လုံးဖြင့် အလစ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၂ ဦးသေဆုံးကာ ၇ ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ ခြင်းဖြစ်ကြောင်း သိရ သည်။

*ပထမ ပေါက်ကွဲသံကြီးက မြေကြီးတောင်တုန်သွားတယ်။ ခွေး ၇ ကောင် ကတော့ မြေပြင်မှာ အရုပ်ကြိုးပျက်ပုံ ကျသေတယ်။ ၅ ကောင်က ဒဏ်ရာ ပြင်း ထန် ရသွားတယ်။ ညနေ ၅ နာရီ ကျော်ကတော့ နောက်ထပ်ပေါက် ကွဲသံ ကြီး ကြီး မားမား တစ်ကြိမ်နဲ့ ပေါက်ကွဲသံအသေးလေး၂ ကြိမ်ထပ်ကြားရတယ်။ အဲဒီအကြိမ်က တော့ ခွေး ၅ ကောင် သေတယ်။ ၃ ကောင်ဒဏ်ရာ ပြင်းထန် ရရှိတယ်”ဟု Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်းမှူးကိုသက်ကြီးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို နဂါးနီတပ်ရင်း ၁ ကျောက်ဆည်ခရိုင်နှင့် မြင်းခြံ ခရိုင် တပ်ရင်း ၇ Zeroပြောက်ကြား တပ်ဖွဲ့ တို့ ပူးပေါင်းကာတိုက်ခိုက် ခဲ့ခြင်း ဖြစ်ပြီး ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာက အပြစ်မဲ့ ပြည်သူများကို လေ ကြောင်း တိုက်ခိုက်ခဲ့မှုအပေါ် သေဆုံးသူများ၏ ကိုယ်စားသွေးကြွေး တောင်းယူ ခြင်းဖြစ် ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article