31 C
Yangon

ဆားလင်းကြီး၊ ညောင်ပင်ကြီးရွာရှိ နေအိမ် ၄ လုံးကို စစ်တပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

Must read

ဆားလင်းကြီး၊ ညောင်ပင်ကြီးရွာရှိ နေအိမ် ၄ လုံးကို စစ်တပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၁၅

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာ ပြည်သူပိုင် နေအိမ် ၄ လုံးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၅ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ရဲစခန်း အနီးအနားရှိ ပြည်သူပိုင် နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

” ဘာတိုက်ပွဲမှ မရှိဘူး စစ်ခွေးတွေက အကြောင်းမဲ့ကို မီးရှို့ဖျက်ဆီးတာ နေအိမ် ၄ လုံး ပျက်စီးသွားတယ်လို့ သိရတယ်။ စစ်ခွေး ကင်းပုန်းတွေက ရှိနေတော့ ရွာကိုကပ် မရဘူးဖြစ်နေတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article