38 C
Yangon

မလှိုင်မြို့နယ်၊ နှောကန်​ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်၊ မုံရွာမြို့ပေါ်ရှိ ယာဥ်ထိန်းရဲကင်း ကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်

Must read

မလှိုင်မြို့နယ်၊ နှောကန်​ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်၊ မုံရွာမြို့ပေါ်ရှိ ယာဥ်ထိန်းရဲကင်း ကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၁၅

မန္တလေး၊ မလှိုင်မြို့နယ်၊ နှောကန်ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများ ထံမှ သိရသည်။

ဧပြီလ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် မလှိုင်မြို့နယ်၊ နှောကန်ရဲစခန်းကို PDF တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲ​တွင် နှောကန် နယ်မြေ ရဲစခန်းမှ ရဲ ဒုတပ်ကြပ် နေလင်းထွန်းတွင် လက်မောင်း ကျည်ထိမှန်ခဲ့​ကြောင်း၊ အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကူလာသောကြောင့် PDF တပ်ဖွဲ့များ ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ယာဥ်ထိန်းရဲကင်း ကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း Area71 အဖွဲ့ထံမှ သိရသည်။

ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မုံရွာမြို့ ဗဟိုမဏ္ဍပ် အနီး မုံရွာ၊ တမာတန်းလမ်းဆုံ မီးပွိုင့်၌ အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်ကာ လုံခြုံရေး ယူထားသည့် စစ်သား ၃ ဦးရှိသော ယာဥ်ထိန်းရဲကင်းကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ပစ်ဗုံးသည် ယာဥ်ထိန်း ရဲကင်းဂိတ်ကို ထိမှန်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြု နိုင်သေးကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုကို Area 71 အဖွဲ့နှင့် Ronin Thirteen people force အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article