29 C
Yangon

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ နှီယာလောန်ထာရ်ရွာကို စစ်တပ်က ရွာလုံး ကျွတ် မီးတင်ရှို့

Must read

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ နှီယာလောန်ထာရ်ရွာကို စစ်တပ်က ရွာလုံး ကျွတ် မီးတင်ရှို့

ရန်ကုန်၊ ဧပြီ ၁၆

ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ၃ ဖာလုံအကွာက နှီယာလောန်ထာရ်ကျေးရွာကို ဧပြီ ၁၅ရက် နံနက်ပိုင်းမှာ ဟားခါးမြို့ကထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းက မီးရှီု့ဖျက်ဆီးခဲ့တဲ့အတွက် ရွာလုံးကျွတ်နီးပါးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသ တွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

CNA နဲ့ CDF ပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ချွန်ကျုံးကျေးရွာတွင် ပိတ်မိ နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို စစ်ကူပေးဖို့ ဟားခါးမြို့ကနေ ထွက်ခွာ လာတဲ့ အင်အား ၅၀ ဝန်းကျင်ပါ စစ်ကြောင်းက နှီယာလောန်ထာရ်ရွာကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

“နှီယာလောန်ထာရ်ရွာမှာ အိမ်ခြေ ၄၀ခန့်ပဲရှိတယ်။ အကြမ်းဖက်စစ်သားတွေ က တစ်ရွာလုံးမီးရှို့ကြတယ်။ အခု ၄ အိမ်လောက်ပဲ ကျန်တယ်” လို့ ဒေသ ပြည်သူ တစ်ဦးကို ကိုးကားပြီး Chin Journal မီဒီယာက သတင်းဖော်ပြါတယ်။

ချင်းပြည်နယ်မှာ သံချပ်ကာကားနှစ်စီးအပါအဝင် ကား ၂၈ လုံးပျက်စီးအောင် တိုက်ခိုက် ခံထားရတဲ့စစ်ကောင်စီတပ်က ဟားခါး- ဖလမ်း လမ်းပေါ်က ကျေး ရွာ တွေကို မီးရှိူ့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article